■ အမေရိကန်နှင့် အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး

■ အမေရိကန်နှင့် အီရန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး
Published 12 April 2026

​ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့တွင် ပြုလုပ်ခဲ့သည့်အမေရိကန်နှင့် အီရန်တို့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် သဘောတူညီချက်တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်က ပြောကြားခဲ့သည်။

​အီရန်အစိုးရအနေဖြင့် အမေရိကန်က တင်ပြထားသည့် စသတ်မှတ်ချက်များကို လက်ခံရန် ငြင်းဆန်ခဲ့ကြောင်းနှင့် အီရန်အနေဖြင့် နျူကလီးယားလက်နက်များ ထုတ်လုပ်ခြင်းမပြုရန် အခြေခံကျသော ကတိကဝတ် ကို ပြသရန်လိုအပ်ကြောင်း ဗန့်စ်က ပါကစ္စတန်မှ မထွက်ခွာမီ ပြောကြားခဲ့သည်။

​တစ်ဖက်တွင်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါဆွေးနွေးပွဲများသည် အလွန်အကြိတ်အနယ်ရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သော်လည်း အမေရိကန်အစိုးရအနေဖြင့် လွန်ကဲသောတောင်းဆိုမှုများနှင့် တရားမဝင်သော မေတ္တာရပ်ခံချက်များကို ရှောင်ကြဉ်ရန် တုံ့ပြန်တိုက်တွန်းထားသည်။

Ref: BBC

Most Read

Most Recent