စစ်ပွဲစတင်ကတည်းက အီရန်နိုင်ငံအတွင်း ပထမဆုံးအကြိမ် ပျက်ကျသွားသည့် အမေရိကန် တိုက်လေယာဉ်တစ်စင်း၏ လေသူရဲတစ်ဦးကို အီရန်နှင့် အမေရိကန်တပ်ဖွဲ့များက ဧပြီ ၄ ရက်အစောပိုင်းတွင် အပြိုင်အဆိုင် ရှာဖွေနေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြခဲ့သည်။
အမေရိကန်၏ F-15 တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့ကြောင်း အီရန်က ပြောကြားခဲ့သော်လည်း အမေရိကန် အထူးတပ်ဖွဲ့များက ထိုတိုက်လေယာဉ်ပေါ်မှ လေသူရဲနှစ်ဦးအနက် တစ်ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျန်တစ်ဦးမှာမူ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အမေရိကန်သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။
ထို့ပြင် အီရန်စစ်တပ်က ပင်လယ်ကွေ့အတွင်း အမေရိကန်၏ A-10 မြေပြင်တိုက်ခိုက်ရေးလေယာဉ်တစ်စင်းကိုလည်း ပစ်ချခဲ့ကြောင်း ပြောကြားခဲ့ပြီး အမေရိကန်သတင်းမီဒီယာများကမူ ထိုလေယာဉ်၏ လေသူရဲကို ကယ်ဆယ်နိုင်ခဲ့ပြီဟု ဆိုကြသည်။
F-15 တိုက်လေယာဉ် ပျက်ကျသည့်သတင်းနှင့်ပတ်သက်ပြီး ပင်တဂွန်စစ်ဌာနချုပ်ကမူ မှတ်ချက်တောင်းခံမှုကို တုံ့ပြန်ခဲ့ခြင်းမရှိပေ။
Ref: AFP















