■ မဟာသင်္ကြန်ကာလ ယာဉ်မောင်းနှင်သူများ လိုက်နာရမည့် စည်းကမ်းချက်များ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်

■ မဟာသင်္ကြန်ကာလ ယာဉ်မောင်းနှင်သူများ လိုက်နာရမည့် စည်းကမ်းချက်များ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ထုတ်ပြန်
Published 8 April 2026

စည်းကမ်ချိုးဖောက်သည့်ယာဉ်များကို CCTV ကင်မရာဖြင့်ရိုက်ကူးထားပြီး အရေးယူမည်

မဟာသင်္ကြန်ကာလ ယာဉ်မောင်းနှင်သူများ လိုက်နာရမည့် စည်းကမ်းချက်များ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်သည်။

ထုတ်ပြန်ထားသည့် စည်းကမ်းချက်များမှာ ၁၁ ချက်ရှိပြီး ယင်းတို့မှာမူးယစ်သောက်စား ယာဉ်မမောင်းရ၊အပျော်လွန်ကျူး စည်းကမ်းမဲ့ပြိုင်မမောင်းရ၊ လုမမောင်းရ၊ မော်တော်ယာဉ်များတွင် အိတ်ဇောပိုက်ဖြုတ်မမောင်းရ၊ ယာဉ်နံပါတ်ပြားမပါရှိဘဲ မမောင်းရ၊ယာဉ်နံပါတ်အတုများ၊ အခြားယာဉ်နံပါတ်များတပ်ဆင်ခြင်း လုံးဝမပြုရ အစရှိသည်တို့ဖြစ်သည်။

ထို့ပြင်ယာဉ်၏ဘေးတံခါးများ၊ နောက်ဖုံးများဖြုတ်၍ မောင်းနှင်ခြင်းမပြုရ၊ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်မှတ်ပုံတင်(ဝှီးတက်)မပါဘဲ မမောင်းရ၊ ဖျက်သိမ်းထားသော ယာဉ်အို/ ယာဉ်ဟောင်းများ၊ မှတ်ပုံမတင်ရသေးသောယာဉ်များနှင့် ပြုပြင်ဆဲ ယာဉ်များ မမောင်းရ၊နိုင်ငံတကာအလံများ ယာဉ်တွင်တပ်ဆင်၍မောင်းနှင်ခြင်း မပြုရ၊ ရန်ကုန်မြို့တော်စည်ပင်သာယာနယ်နိမိတ်အတွင်း မည်သည့်မော်တော်ဆိုင်ကယ်/ဘေးတွဲ ဆိုင်ကယ်များမှ စီးနင်းခြင်း လုံးဝမပြုရ၊ ပစ်ကပ်ယာဉ်များ (လိုက်ထရပ်/မီနီပစ်ကပ်)သည် သတ်မှတ်ထားသည့် ဝန်အလေးချိန် (လူဦးရေ)ထက် ပိုမိုတင်ဆောင်မောင်းနှင်ခြင်းမပြုရ စသည်တို့လည်း ပါဝင်ကြောင်း သိရ သည်။

အလားတူ ယာဉ်မောင်းသူများအား အရက်သေစာသောက်စားထားခြင်း ရှိ/မရှိ အရက်မူးတိုင်းကိရိယာ (Alcohol Tester) ဖြင့် တိုင်းတာစစ်ဆေးမည်ဖြစ်ကြောင်း၊သင်္ကြန်ကာလအတွင်း လမ်းလယ်၌ မော်တော်ယာဉ်စက်ပျက်၍ရပ်ထားပါက ကရိန်းယာဉ်ဖြင့် ဆွဲယူမည်ဖြစ်ကြောင်း၊အချက်အ ချာကျသော လမ်းဆုံ/လမ်းခွမီးပွိုင့်များတွင် CCTV Camera များ တပ်ဆင်ထားပြီး ဖြစ်သဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းချိုးဖောက်မှုများအား အဆိုပါကင်မရာများဖြင့် ရိုက်ကူးထားပြီး ထိရောက်စွာ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်းရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

 

Most Read

Most Recent