အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးစိုးသိန်းအပါအဝင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးရန် ပြည်​ထောင်စုလွှတ်​တော်သို့ အမည်စာရင်းတင်သွင်း

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးစိုးသိန်းအပါအဝင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးရန် ပြည်​ထောင်စုလွှတ်​တော်သို့ အမည်စာရင်းတင်သွင်း
Published 7 April 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ် ဦးစိုးသိန်းအပါအဝင် အဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးရန် အမည်စာရင်းတင်သွင်းမှုကို ယ​နေ့(ဧပြီ ၇ ရက်)တွင် ကျင်းပသည့် ပြည်​ထောင်စုလွှတ်​တော်တွင် ပြုလုပ်ခဲ့သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ်ဖွဲ့စည်း၍ အဖွဲ့ဝင်များ ခန့်အပ်တာဝန်​ပေးအပ်နိုင်ရန် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ​ရွေးချယ်ထားသည့် အဖွဲ့ဝင် သုံးဦးဖြစ်သည့် ဦးစိုးသိန်း၊ ဦး​ကျော်ဝင်းသိန်း၊ ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်း​ဇော်မိုး၊ ပြည်သူ့လွှတ်​​တော်ဥက္ကဌက ​ရွေးချယ်ထားသည့်အဖွဲ့ဝင်သုံးဦးဖြစ်သည့် ဒေါက်တာထွန်းထွန်းဦး၊ ဦးလွန်း​ဘော်၊ ဦး​ကျော်စိုးညွန့်နှင့် အမျိုးသားလွှတ်​တော်ဥက္ကဌက ရွေးချယ်ထားသည့်အဖွဲ့ဝင်သုံးဦးဖြစ်သည့် ဦးတိုးရီ၊ ဦးတင်​အောင်ဝင်း၊ ဦးမင်းဟန်စုစု​ပေါင်းကိုးဦး၏ အမည်စာရင်းအား ပြည်​ထောင်စုလွှတ်​တော်နာယကက လွှတ်​တော်သို့ အသိ​ပေးခဲ့သည်။

အဆိုပါကိုးဦးအနက် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရသူက ​ရွေးချယ်ထားသည့် ဦးစိုးသိန်းအား ​ကော်မရှင်ဥက္ကဌအဖြစ်တာဝန်​ပေးအပ်ရန် ပြည်​ထောင်စုလွှတ်​တော်သို့ တင်ပြထား​ကြောင်း သိရသည်။

ထိုသို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အသစ်ဖွဲ့စည်းရန်နှင့် ​ကော်မရှင်ဥက္ကဌအဖြစ် ဦးစိုးသိန်းအား ခန့်အပ်တာဝန်​ပေးအပ်ရန် တင်ပြမှုအ​ပေါ် ကန့်ကွက်လိုသူရှိက ​ဆွေး​နွေးခြင်းနှင့် ကန့်ကွက်သူမရှိပါက ခန့်အပ်ရန်သ​ဘောတူ​ကြောင်း ​ကြေညာခြင်းတို့ကို ဧပြီ ၉ ရက်ပြည်​ထောင်စုလွှတ်​တော် အစည်းအ​ဝေးတွင် ပြုလုပ်မည်ဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်ခန့်အပ်ရန် အမည်စာရင်းတင်သွင်းခံရသည့် ဦးစိုးသိန်းသည် ရန်ကုန်တိုင်း​ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် တာဝန်ထမ်း​ဆောင်​​ခဲ့သူဖြစ်သည်။

Most Read

Most Recent