မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) က Revenue တိုးတက်စေရေးနှင့် network များကို ပိုမိုတိုးချဲ့နိုင်ရန် Maxamation ၏ Aviator Revenue Management System ကို အသုံးပြု

မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) က Revenue တိုးတက်စေရေးနှင့် network များကို ပိုမိုတိုးချဲ့နိုင်ရန် Maxamation ၏ Aviator Revenue Management System ကို အသုံးပြု
Published 31 March 2026

မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း (MAI) က Revenue တိုးတက်စေရေးနှင့် network များကို ပိုမိုတိုးချဲ့နိုင်ရန် Maxamation ၏ Aviator Revenue Management System ကို အသုံးပြုကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ ဦးဆောင်လေကြောင်းလိုင်းဖြစ်သော မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်း MAI သည် ၎င်းတို့၏ မဟာဗျူဟာဆိုင်ရာ Revenue တိုးတက်စေရေးနှင့် network များကို ပိုမိုတိုးချဲ့နိုင်ရန်အတွက် Maxamation မှ Aviator Revenue Management System ကို ရွေးချယ်အသုံးပြုခဲ့ကြောင်း သိရသည်။

ခေတ်မီ Airbus၊ Embraer နှင့် ATR လေယာဉ်များဖြင့် ဖွဲ့စည်းထားသည့် လေကြောင်းလုပ်ငန်းကို ပိုမိုတိုးတက် လည်ပတ်လျက်ရှိသည့် MAI သည် မြန်မာနိုင်ငံမှ အရှေ့တောင်အာရှ အဓိကနေရာများသို့သာမက ဒူဘိုင်း၊ အိန္ဒိယ၊ တရုတ်နှင့် တောင်ကိုရီးယားအပါအဝင် ခရီးရှည်များနှင့် နိုင်ငံတွင်း ဒေသများသို့ ချိတ်ဆက်ပျံသန်းလျက်ရှိကြောင်း သိရသည်။

Revenue Management နည်းစနစ်များ အများအပြားကို အသေးစိတ် အကဲဖြတ်လေ့လာပြီးနောက် MAI သည် အဆင့်မြင့် Optimization စွမ်းဆောင်ရည်၊ ယခင်အောင်မြင်မှုများစွာရရှိထားသည်ကို သက်သေပြထားသော လုပ်ဆောင်မှုစွမ်းရည်နှင့် ရှုပ်ထွေးများပြားလှသည့် လေကြောင်းလိုင်းကွန်ယက်များအတွင်း Data-based များကို မှန်ကန်စွာ ဆုံးဖြတ်ချက်ချနိုင်မှုနှင့် ပံ့ပိုးပေးနိုင်စွမ်းတို့ကြောင့် Aviator ကို ရွေးချယ်ခဲ့ကြောင်း သိရသည်။

ယခုအခါ Aviator စနစ်ကို MAI ၏ အပြည်ပြည်ဆိုင်ရာ လေကြောင်းလုပ်ငန်းတွင် အောင်မြင်စွာ စတင်အသုံးပြုနိုင်ခဲ့ပြီး ဝင်ငွေစီးဆင်းမှုစနစ် အကောင်းဆုံးဖြစ်စေရန် စီမံနိုင်ခြင်းနှင့်အတူ လေကြောင်းလိုင်း၏ Revenue Management အဖွဲ့အား မြင်သာစွာ ထိန်းချုပ်နိုင်မှုနှင့် စီးပွားရေးမဟာဗျူဟာများအပေါ်ယုံကြည်မှု ပိုမိုတိုးမြှင့်ပေးနိုင်ခဲ့ကြောင်း MAI က ဆိုသည်။

Maxamation ရဲ့ Aviator platform ကို အသုံးပြုခြင်းဖြင့် MAI အနေနဲ့ revenue ဆိုင်ရာသုံးသပ်ချက်များကို ခေတ်မှီနည်းစနစ်များဖြင့် လွယ်ကူလျှင်မြန်စွာ သုံးသပ်နိုင်ရန် လိုအပ်သော အထောက်အကူများကို ရရှိနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ယခုလုပ်ဆောင်ချက်သည် MAI ၏ digital transformation မဟာဗျူဟာနှင့်လည်း ကိုက်ညီပြီး နေ့စဉ်လုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့အပြင် Maxamation အဖွဲ့သည် system evaluation မှ deployment နှင့် training အထိ အဆင့်တိုင်းတွင် ပရော်ဖက်ရှင်နယ်ဆန်စွာ အထောက်အပံ့ပေးခဲ့ခြင်းအတွက်ကိုလည်း ကျေနပ်အားရမိပါသည်။ ယခုစနစ်ကို အသုံးပြုခြင်းဖြင့် MAI မှ ဈေးကွက်အတွင်းပြောင်းလဲမှုများကို အချိန်နှင့်တစ်ပြေးညီ ဝင်ငွေရည်မှန်းချက်ကိုလျှင်မြန်စွာ ဆက်လက်အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ပါသည်ဟု MAI ၏ CEO Mr. Tanes Kumar က ပြောကြားသည်။

Maxamation အနေဖြင့်လည်း MAI နှင့် ရေရှည်တည်တံ့သော မိတ်ဖက်ပူးပေါင်းမှုကို ဆက်လက်တည်ဆောက်သွားရန် မျှော်လင့်လျက်ရှိကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ရန်ကုန်နှင့် မန္တလေးမြို့များကို အခြေပြု၍ ပြည်တွင်း ခရီးစဉ် ၁၆ မြို့နှင့် ပြည်ပခရီးစဉ်များ ၂၂ ခုမြို့ဆီသို့ ပျံသန်းပြေးဆွဲလျက်ရှိသော မြန်မာနိုင်ငံ၏ ဦးဆောင်လေကြောင်းလိုင်းတစ်ခုဖြစ်ကြောင်း၊ MAI သည် ထိုင်းနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှားနိုင်ငံ၊ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ယူအေအီး၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ ရုရှားနိုင်ငံနှင့် လာအိုနိုင်ငံများအပါအဝင် နိုင်ငံတကာ ခရီးစဉ်များကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် MAI သည် Airbus A320 Family လေယာဉ်များ၊ Embraer E190 လေယာဉ်များ၊ ATR72-600 လေယာဉ်များနှင့် Boeing 737 Freighter တို့ဖြင့် ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent