သတ်မှတ်လမ်းကြောင်းအတိုင်း ပြေးဆွဲ ခြင်းမရှိဘဲ ကြို^ပို့ ယာဉ်အဖြစ် လုပ်ကိုင်နေသည့် YBS ယာဉ်များကို CNG ပိတ်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။
“ ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ညွန်ကြား ချက်အရ YBS ယာဉ်ထွက်အင်အားတိုးတက် လာစေဖို့၊ ယာဉ်တွေများများပြေးဆွဲနိုင်ဖို့အ တွက် CNG သုံး YBS ယာဉ်တွေသတ်မှတ် ခရီးစဉ်လမ်းကြောင်းအတိုင်း မပြေးဆွဲဘဲ ကြို ပို့ယာဉ်အဖြစ် ဆောင်ရွက်တာတို့ တခြားနည်း အသုံးပြုတာတို့ လုပ်ခဲ့ရင် CNG ပိတ်သိမ်းတဲ့ အထိ အရေးယူဆောင်ရွက်သွားမှာပါ” ဟုYRTC မှ တွဲဘက်အတွင်းရေးမှူး ဦးလျန်ကျင့် မန်က မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။
စက်သုံးဆီအခက်အခဲကြောင့် YBS ယာဉ်စီးနင်းသူ ခရီးသည် နှစ်သိန်းခွဲကျော် တိုးလာကြောင်း၊ ယခင်က ယာဉ်လိုင်းပေါင်း ၁၃၂ လိုင်း၊ ယာဉ်စီးရေ ၃၄၀၀ ခန့်ဖြင့် နေ့စဉ် ခရီးသည်ပေါင်း ၁ ဒသမ ၄၆ သန်းသာစီးနင်း ခဲ့ကြောင်း၊ လက်ရှိတွင် ယာဉ်စီးရေ ၃၅၀၀ ခန့်ဖြင့် ပြေးဆွဲပေးနေကြောင်း သိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအ ဖွဲ့၏ညွှန်ကြားချက်အရ ဒီဇယ်သုံး YBS ယာဉ် များအတွက် တစ်ရက်လျှင် ဒီဇယ် လီတာ ၂၀ တန်းစီဝယ်ယူရခြင်းမှ လက်ရှိတွင် ဒီဇယ်လီ တာ ၄၀ ကို ညဥ့်အချိန်တွင် ဆီဖြည့်ပြီး ခေါက် ရေပြည့်မီအောင် ပြေးဆွဲနိုင်ရေး စီစဉ်ပေးထား ကြောင်း၊ YRTC ကြီးကြပ်မှုအောက်တွင် ယာဉ်လိုင်း ကုမ္ပဏီ၂၁ ခု၊ ယာဉ်လိုင်း ၁၄၅ လိုင်း၊ ယာဉ်စီးရေ ၅၄၃၈ စီးရှိကာ CNG အ သုံးပြုသည့်ယာဉ် ၅၀၁၃ စီး၊ ဒီဇယ်ဆီအသုံး ပြုသည့်ယာဉ် ၄၂၃ စီးရှိကြောင်း သိရသည်။















