ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေး ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲစည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းနှင့် အတွင်းရေးမှူးအဖြစ် ဒေါက်တာကျော်ကျော်ဌေး တိုအား တာဝန်ပေးအပ်ခဲ့သည်။
ယနေ့(မတ် ၂၆ ရက်)တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး စတုတ္ထနေ့တွင် အဖွဲဝင် ၁၅ ဦး ပါဝင်သော ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီကို ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
“ လွှတ်တော်အခွင့်အရေးကော်မတီမှာ ပါဝင်မယ့် အဖွဲဝင်ဦးရေ၊ အဖွဲဝင်များရဲ့ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ရဲ့ အမည်စာရင်း၊ ကော်မတီရဲ့တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီ အစည်းအဝေးများနှင့်စပ်လျဉ်းပြီး တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့ ၂၄ ရက် ၃ လ ၂၀၂၆ ရက်နေ့မှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားသည်။
ထိ့ုနောက် လွှတ်တော်အခွင့်အရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့ကို အတည်ပြုရန်အတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် လွှတ်တော်က သဘောတူခဲ့သည့်အတွက် လွှတ်တော်အခွင့်အရေးကော်မတီ ဥက္ကဋ္ဌ အဖြစ် တပ်ကုန်းမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ အတွင်းရေးမှူးအဖြစ် ထားဝယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်ဌေး၊ အဖွဲဝင်များအဖြစ် တောင်ငူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦး၊ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၊ မူဆယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မိုး(ခေါ်) အောင်ဇော်မိုးထွန်း၊ ကော့မှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်း၊ ဒိုက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သိင်္ဂီမြင့်ရည်၊ ဖျာပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးရီ၊ မင်းတုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်၊ ဖာပွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ ဝါးခယ်မ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်၊ မြိုသစ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၊ ခန္တီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ် ရဲကျော်သူနှင့် ဒုတိယဗိုလ်မှူးကြီး တင်သောင်းလင်း တိုအား တာဝန်ပေးအပ်ဖွဲစည်းကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ က ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက “ လွှတ်တော်အခွင့်အရေးကော်မတီရဲ့ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီ အစည်းအဝေးတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါတယ်” ဟု ပြောကြားသည်။
လွှတ်တော်အခွင့်အရေးကော်မတီ၏ တာဝန်များတွင် (က)မိမိထံလွှဲအပ်သော ကိစ္စအသီးသီးကို (၁) ကော်မတီသို လွှအပ်သောကိစ္စများနှင့်စပ်လျဉ်းသောအချက်များကို အခြေပြုပြီး လွှတ်တော်၏ အခွင့်အရေးကို ဖောက်ဖျက်ရာရောက်၊ မရောက် စဉ်းစားဆုံးဖြတ်ခြင်း၊ (၂) မည်သိုသောကိစ္စ၊ မည်သိုသောအချက်များမှ စတင်၍ အခွင့်အရေး ဖောက်ဖျက်မှု ဖြစ်ပေါ်လာရကြောင်းနှင့် မည်သိုမည်ပုံ ဖောက်ဖျက်ကြောင်းကို ဆုံးဖြတ်ခြင်း၊ (၃)ယင်းကိစ္စနှင့်စပ်လျဉ်းပြီး လွှတ်တော်က မည်ကဲ့သို အရေးယူသင့်ကြောင်းကို လွှတ်တော်သို အစီရင်ခံစာ တင်ပြရမည်ဖြစ်ကြောင်း၊ အပိုင်ခွဲ(က)ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အစီရင်ခံစာတွင် ဖော်ပြပါရှိသော အကြံပေးချက်များကို ဖြစ်မြောက်အောင်ဆောင်ရွက်နိုင်ရန် လွှတ်တော်က မည်သည့်နည်းလမ်းများကို ကျင့်သုံးသင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုဖော်ပြရမည်ဖြစ်ကြောင်း၊ လွှတ်တော်က ဒေသဆိုင်ရာ သိုမဟုတ် နိုင်ငံတကာလွှတ်တော်များနှင့် ဆက်သွယ်နိုင်ရေးအတွက် လိုအပ်ပါက လွှတ်တော်သို တင်ပြရမည်ဖြစ်ကြောင်း၊ ကော်မတီသည် လွတ်တော်အစည်းအဝေးသို တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များအား စိစစ်အတည်ပြုရမည်လည်းဖြစ်ကြောင်း သိရသည်။















