■ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းနှင့် အတွင်းရေးမှူးအဖြစ် ဒေါက်တာကျော်ကျော်ဌေးတို့ကို ခန့်အပ်ရန် လျာထား

■ ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းနှင့် အတွင်းရေးမှူးအဖြစ် ဒေါက်တာကျော်ကျော်ဌေးတို့ကို ခန့်အပ်ရန် လျာထား
Published 24 March 2026

ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး ဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်းနှင့် အတွင်းရေးမှူးအဖြစ် ဒေါက်တာကျော်ကျော်ဌေးတို့ကို ခန့်အပ်ရန် လျာထားကြောင်း သိရသည်။ 

ယနေ့ (မတ် ၂၄ ရက်) တွင် ကျင်းပသည့် တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေး တတိယနေ့တွင် အဖွဲ့ဝင် ၁၅ ဦး ပါဝင်သော ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်သို့ ရှင်းလင်းပြောကြားခဲ့သည်။

“ အခုဆက်လက်ပြီး လွှတ်တော်အခွင့်အရေးကော်မတီ ဖွဲ့စည်းရေးကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလိုဖွဲ့စည်းရာမှာ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌသည် ရာထူးအလျောက် ကော်မတီရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက ပြောကြားသည်။

ထို့နောက် လွှတ်တော်အခွင့်အရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့် စပ်လျဉ်းပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့သည်။ 

“ လွှတ်တော်အခွင့်အရေးကော်မတီဟာ ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ (၂)၊ ပုဒ်မခွဲ (ဇ) အရ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်ပါတယ်။ ကော်မတီရဲ့သက်တမ်းဟာ ပြည်သူ့လွှတ်တော်ရဲ့သက်တမ်းနဲ့အညီ ဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌဟာ ကော်မတီရဲ့သက်တမ်း တစ်နှစ်ပြည့်မြောက်တဲ့အခါ ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ကော်မတီဝင်များကို သင့်လျော်သလို လဲလှယ်အစားထိုး တာဝန်ပေးအပ်နိုင်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက ရှင်းလင်းပြောကြားသည်။ 

ထို့နောက် လွှတ်တော်အခွင့်အရေးကော်မတီကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းနိုင်ရေးအတွက် ဥပဒေကြမ်းကော်မတီတွင် ပါဝင်ရန် လျာထားသည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်တီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းများကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်သို့ တင်ပြခဲ့သည်။

လွှတ်တော်အခွင့်အရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး တပ်ကုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၊ တောင်ငူမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦး၊ ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ၊ မူဆယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဇော်မိုး (ခေါ်) အောင်ဇော်မိုးထွန်း၊ ကော့မှူးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်း၊ ဒိုက်ဦးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သိင်္ဂီမြင့်ရည်၊ ဖျာပုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စိုးစိုးရီ၊ မင်းတုန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်၊ ဖာပွန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောဝင်းထိန်၊ ဝါးခယ်မမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်၊ မြို့သစ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း၊ ခန္တီးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဂုဏ်ဝမ်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ် ရဲကျော်သူနှင့် ဒုတိယဗိုလ်မှူးကြီး တင်သောင်းလင်း၊ ထားဝယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်ဌေးတို့ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်သို့ တင်ပြခဲ့သည်။

“ လွှတ်တော်အခွင့်အရေးကော်မတီမှာ ကော်မတီဥက္ကဋ္ဌအဖြစ် ဦးမောင်မောင်အုန်း တပ်ကုန်းမဲဆန္ဒနယ်နှင့် အတွင်းရေးမှူးအဖြစ် ဒေါက်တာကျော်ကျော်ဌေး ထားဝယ်မဲဆန္ဒနယ်တို့အား တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါတယ်”ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်သို့ တင်ပြခဲ့သည်။

လွှတ်တော်အခွင့်အရေးကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးများကိုလည်းကောင်း ပြည်သူ့ လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းနှင့် လွှတ်တော်အခွင့်အရေးကော်မတီ ဖွဲ့စည်းကြောင်း ကြေညာခြင်းတို့ကို မတ် ၂၆ ရက်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

လွှတ်တော်အခွင့်အရေးကော်မတီ၏ တာဝန်များတွင် (က) မိမိထံလွှဲအပ်သော ကိစ္စအသီးသီးကို (၁) ကော်မတီသို့ လွှဲအပ်သောကိစ္စများနှင့်စပ်လျဉ်းသောအချက်များကို အခြေပြုပြီး လွှတ်တော်၏ အခွင့်အရေးကို ဖောက်ဖျက်ရာ ရောက်၊ မရောက် စဉ်းစားဆုံးဖြတ်ခြင်း၊ (၂) မည်သို့သောကိစ္စ၊ မည်သို့သောအချက်များမှ စတင်၍ အခွင့်အရေး ဖောက်ဖျက်မှု ဖြစ်ပေါ်လာရကြောင်းနှင့် မည်သို့မည်ပုံ ဖောက်ဖျက်ကြောင်းကို ဆုံးဖြတ်ခြင်း၊ (၃) ယင်းကိစ္စနှင့်စပ်လျဉ်းပြီး လွှတ်တော်က မည်ကဲ့သို့ အရေးယူသင့်ကြောင်းကို လွှတ်တော်သို့ အစီရင်ခံစာတင်ပြရမည်ဖြစ်ကြောင်း၊ အပိုင်ခွဲ (က) ပါ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ အစီရင်ခံစာတွင် ဖော်ပြပါရှိသော အကြံပေးချက်များကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ရန် လွှတ်တော်က မည်သည့်နည်းလမ်းများကို ကျင့်သုံးသင့်ကြောင်း အစီရင်ခံစာတွင် အကြံပြုဖော်ပြရမည်ဖြစ်ကြောင်း၊ လွှတ်တော်က ဒေသဆိုင်ရာ သို့မဟုတ် နိုင်ငံတကာလွှတ်တော်များနှင့် ဆက်သွယ်နိုင်ရေးအတွက် လိုအပ်ပါက လွှတ်တော်သို့ တင်ပြရမည်ဖြစ်ကြောင်း၊ ကော်မတီသည် လွတ်တော်အစည်းအဝေးသို့ တက်ရောက်လာသော လွှတ်တော်ကိုယ်စားလှယ်များအား စိစစ်အတည်ပြုရမည်လည်းဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent