လက်ရှိပုံစံအတိုင်းဆိုရင် ကွန်းဖရန့်လိဂ်ယှဉ်ပြိုင်ခွင့်ရရင်ပဲ ပျော်ရွှင်သင့်တယ်လို့ ဆိုဘိုဆလိုင်း ပြောကြား

လက်ရှိပုံစံအတိုင်းဆိုရင် ကွန်းဖရန့်လိဂ်ယှဉ်ပြိုင်ခွင့်ရရင်ပဲ ပျော်ရွှင်သင့်တယ်လို့ ဆိုဘိုဆလိုင်း ပြောကြား
Photo: X
Photo: X
Published 16 March 2026

လီဗာပူးလ်အသင်းရဲ့ ဟန်ဂေရီကစားသမား ဆိုဘိုဆလိုင်းက လက်ရှိပုံစံအတိုင်းဆိုရင် လီဗာပူးလ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိမှာမဟုတ်ဘဲ ကွန်းဖရန့်လိဂ်ယှဉ်ပြိုင်ခွင့်ရရင်ပဲ ပျော်ရွှင်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဆိုဘိုဆလိုင်း(၂၅ နှစ်)ဟာ လက်ရှိလီဗာပူးလ်အသင်းမှာ ခြေစွမ်းအတည်ငြိမ်ဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး မနေ့က စပါးအသင်းနဲ့ (၁-၁)ဂိုး သရေကျတဲ့ပွဲမှာလည်း အသင်းအတွက် ဦးဆောင်ဂိုးကို ဖရီးကစ်နဲ့ သွင်းယူနိုင်ခဲ့ပါတယ်။

ဒါကြောင့် ဆိုဘိုဆလိုင်းအနေနဲ့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဖရီးကစ်သွင်းဂိုး (၄)ဂိုးရှိသွားခဲ့ပြီး လီဗာပူးလ်ကစားသမားတွေထဲမှာ တစ်ရာသီအတွင်း အများဆုံးသွင်းယူနိုင်ခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်နိုင်ပွဲပျောက်ပြီး နောက်ကျဂိုးတွေ ပေးနေရတာကြောင့် ဆိုဘိုဆလိုင်းက အသင်းရဲ့အခြေအနေအပေါ် မကျေမနပ်ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။

''ကျွန်တော် အရမ်းစိတ်ပျက်မိပါတယ်။ ဘာတွေ ဖြစ်နေသလဲဆိုတာ မသိတော့ပါဘူး။ ပြောစရာလည်း ဘာမှမရှိတော့ပါဘူး။ နောက်ဆုံးမိနစ်မှာ ဂိုးပေးလိုက်ရပြန်ပါပြီ။ ဒီရာသီမှာ ဘယ်နှကြိမ်ရှိနေပြီလဲဆိုတာလည်း မသိတော့ပါဘူး။ ကျွန်တော်တို့ နိုးထဖို့ လိုနေပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒီပုံစံအတိုင်း ဆက်သွားရင် ကွန်းဖရန့်လိဂ်နဲ့ပဲ ပျော်ရွှင်သင့်ပါတယ်'' လို့ ဆိုဘိုဆလိုင်းက ပြောကြားခဲ့ပါတယ်။

Most Read

Most Recent