ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ စုံ/မ စနစ်ကို ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက မတ် ၁၁ ရက် ညနေပိုင်းက အသိပညာပေးဆောင်ရွက်နေကြောင်း သိရသည်။
စုံ/မ စနစ် အသိပညာပေးကာလ ကို မတ် ၇ ရက်မှ ၁၃ ရက်အထိ သတ်မှတ်ထားပြီး မတ် ၁၄ ရက်မှစတင်ကာ သတ်မှတ်ထားသည့် စုံ/မ စနစ်ကို ဖောက်ဖျက်ပါက သက်ဆိုင်ရာ စည်းမျဉ်းဥပေဒဖြင့် အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပနေစဉ်ကာလအတွင်း စာမေးပွဲတာဝန်ခံယာဉ်များနှင့် ကျောင်းသား ကြို/ပို့ ယာဉ်များကို စုံ/မ အက္ခရာ ခွဲခြားခြင်းမရှိဘဲ သွားလာခွင့်ပြုမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
မတ် ၃ ရက်တွင် စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် မတ် ၇ ရက်မှစတင်၍ ပုဂ္ဂလိကပိုင်ယာဉ်များ လစဉ် စုံရက်များတွင် စုံအက္ခရာနှင့် မ ရက်များတွင် မ အက္ခရာ နံပါတ်ပါယာဉ်များ မောင်းနှင်အသုံးပြုရန် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ပြည်သူသို့ အသိပေးကြေညာချက် ထုတ်ပြန်ထားသည်။















