■ စင်ကာပူနိုင်ငံသား DJ Wukong ကို မြန်မာနိုင်ငံက ပြည်ဝင်ခွင့်မပေး

■ စင်ကာပူနိုင်ငံသား DJ Wukong ကို မြန်မာနိုင်ငံက ပြည်ဝင်ခွင့်မပေး
Published 9 February 2026

စင်ကာပူနိုင်ငံသား DJ Wukong က သူသည် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်မရခဲ့ကြောင်း ၎င်း၏ Facebook တွင် ရေးသားခဲ့သည်။

“ဒီနေ့ကျင်းပမယ့် Invasion Festival မှာ ကျွန်တော် ဖျော်ဖြေခွင့်မရတော့ဘူးဆိုတာကို ဝမ်းနည်းစွာ အသိပေးချင်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပေမယ့် ပြည်ဝင်ခွင့် မပေးဘူးလို့ အပြောခံခဲ့ရပါတယ်။ ၄ နာရီကျော်လောက် တတ်နိုင်သမျှ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် နောက်ဆုံးမှာတော့ ကျွန်တော့်ကို ပြည်ဝင်ခွင့် ငြင်းပယ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျွန်တော်လေးစားပါတယ်။ ကျွန်တော့်ဘက်က လုပ်နိုင်တာလည်း ဘာမှမရှိတော့ပါဘူး။ ကျွန်တော့်ရဲ့ မိတ်ဆွေ Bassjackers ကတော့ ကျွန်တော့်ကိုယ်စား Solo Set အနေနဲ့ ဆက်လက်ဖျော်ဖြေပေးသွားမှာဖြစ်ပြီး လူတိုင်းအတွက် ကောင်းမွန်တဲ့ ဖျော်ဖြေပွဲတစ်ခု ဖြစ်လာမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒီလိုတွေဖြစ်ခဲ့ပေမယ့် မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ ကျွန်တော့်ရဲ့ အချစ်တွေကတော့ မပြောင်းလဲပါဘူး။ တစ်နေ့နေ့မှာ အရင်ကထက် ပိုကောင်းတဲ့ ပုံစံမျိုးနဲ့ ကျွန်တော် ပြန်လာခဲ့ပါ့မယ်။ငြိမ်းချမ်းပါစေ။ WUKONG” ဟု ၎င်း၏ Facebook တွင် ရေးသားခဲ့သည်။

Most Read

Most Recent