■၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပွဲ ပြုလုပ်

■၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပွဲ ပြုလုပ်
Published 7 February 2026

■၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပွဲ ပြုလုပ်

■ အမျိုးသားဇာတ်ဆောင်ဆုကို မြင့်မြတ်၊ အမျိုးသမီးဇာတ်ဆောင်ဆုကို ရတနာဗို၊ အမျိုးသားဇာတ်ပို့ဆုကို နေမျိုးအောင်၊ အမျိုးသမီးဇာတ်ပို့ဆုကို ခိုင်နှင်းဝေ ရရှိ



၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆု ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီ  ၇ ရက်က နေပြည်တော်ရှိ  MICC -1 ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။  ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူး ချွန်ဆုပေးပွဲတွင် ရုပ်ရှင်တစ်သက်တာဆု သုံးဆု၊အကောင်းဆုံး ဝတ်စားဆင်ယင်မှုဆု လေးဆု၊ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ၁၁ ဆုကို ဆုချီးမြှင့်ခဲ့သည်။ 

  ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီဆုပေးပွဲသို့ ယာယီသမ္မတ၊နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် ဇနီး၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ် များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ရုပ်ရှင်၊ သဘင်နှင့် ဂီတအစည်းအရုံးမှ တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

  ၂၀၂၅ ခုနှစ်အတွက်  အကယ်ဒမီဆုပေးပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီတွင် စတင်ခဲ့ပြီး အခမ်းအနားကို ယာယီ သမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဂျစ်တယ် စက်ခလုတ်ခုံ ပေါ်မှာ အကယ်ဒမီ ကြယ်စင်ရုပ် စိုက်ထူ၍ ဖွင့်လှစ်ပေးခဲ့ကြသည်။ 

  ထို့နောက် ယာယီ သမ္မတ၊ နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ အကယ်ဒမီများရှင် ဦးကြည်စိုးထွန်းက ဝမ်းမြောက်စကား ပြော ကြားခဲ့သည်။

  ဆက်လက်၍ ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုအခမ်းအနားတွင် ရွှေကြိုများအဖြစ် ဆောင်ရွက်ခဲ့သည့် ရွှေကြိုမောင်မယ်များကို မိတ်ဆက်ခဲ့သည်။ 

  ယင်းနောက် ရုပ်ရှင်တစ်သက်တာဆု ချီး မြှင့်ခဲ့ပြီး ဆုရရှိသူများကို ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ဖွင့်ဖောက်ကြေညာခဲ့ရာ မင်းသားကြီး ဦးဌေးအောင်၊မင်းသမီးကြီး ဒေါ်ခင်လေးဆွေ၊ ဒါရိုက်တာ ဦးကြည်စိုးထွန်းတို့က ရရှိခဲ့သည်။

  ထို့နောက် အကယ်ဒမီဆုများပေးအပ် ချီးမြှင့်ရာ ၂၀၂၅ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်ဓာတ်ပုံဆုကို သားကျော်က "နှင်းပွင့် စေရာ"ဇာတ်ကားဖြင့် ရရှိခဲ့ သည်။  

  ယင်းနောက် ၂၀၂၅ ခုနှစ်အတွက် အ ကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို ချီးမြှင့်ခဲ့ရာ ဟန်ထူးဇင်က " မြစ်လက်တက်ပေမဲ့ ရေစီးက ကြမ်းတယ်"ဇာတ်ကားဖြင့် ရရှိခဲ့သည်။

  ဆက်လက်၍၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး ရုပ်ရှင်အသံဆုကို ကိုဂျိုးက   "နတ်ဝင်သည်"ဇာတ်ကားဖြင့် ရရှိ ခဲ့သည်။ 

  ၂၀၂၅ ခုနှစ်အတွက်အကောင်းဆုံး ရုပ် ရှင်တည်းဖြတ်ဆုကို  ချီးမြှင်ခဲ့ရာ ခွန်က  "မြို့ပြထဲက လမ်းမ"ဇာတ်ကားဖြင့် ရရှိခဲ့သည်။

  ၂၀၂၅ ခုနှစ်အတွက်အကောင်းဆုံးရုပ် ရှင် ဇာတ်ညွှန်းဆုကို  သီလံက "မောင့်မိဖုရား" ဇာတ်ကားဖြင့် ရရှိခဲ့သည်။

  ထို့နောက် ၂၀၂၅ ခုနှစ်အတွက် အ ကောင်းဆုံးရုပ်ရှင်ဇာတ်ကားဆုကို ချီးမြှင့်ခဲ့ရာ "ပန်းမြိုင်လယ်မှ ဥယျာဉ်မှူး"ဇာတ်ကား က ရရှိခဲ့သည်။

  ယင်းနောက် အကောင်းဆုံးဝတ်စားဆင် ယင်မှုဆုများကို ဆုချီးမြှင့်ခဲ့ရာ အကောင်းဆုံး အမျိုးသားဝတ်စားဆင်ယင်မှုအကြီးတန်းဆုကို  အကယ်ဒမီ နေတိုးက လည်းကောင်း၊ အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှု အကြီး တန်းဆုကို  အကယ်ဒမီ မေသန်းနုက လည်းကောင်း၊အကောင်းဆုံးအမျိုး သား ဝတ်စားဆင်ယင်မှုဆုကို ကောင်းမြတ်စံနှင့် အကောင်းဆုံးအမျိုး သမီးဝတ်စားဆင်ယင်မှု ဆုကို အကယ်ဒမီ ရတနာဗိုက ရရှိခဲ့ကြသည်။  

   အကောင်းဆုံးဝတ်စားဆင်ယင်မှုဆုများ ကို ၂၀၂၃ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုပေးတွင် စတင်ပေးအပ်ချီးမြှင့် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

  ထို့နောက် ၂၀၂၅ ခုနှစ်အတွက် အ ကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုကို ဒါရိုက်တာ ဩရသက "ဗြောသံ"ဇာတ်ကားဖြင့်ရရှိခဲ့ သည်။   

  ထို့ပြင် ၂၀၂၅ ခုနှစ်အတွက် အကောင်း ဆုံးအမျိုးသမီးဇာတ်ပို့ဆုကို ချီးမြှင့်ခဲ့ရာ ခိုင်နှင်းဝေက "မောင့်မိဖုရား" ဇာတ်ကားဖြင့် ရရှိခဲ့သည်။

  ထို့ပြင် ၂၀၂၅ ခုနှစ်အတွက် အကောင်း ဆုံးအမျိုးသားဇာတ်ပို့ဆုကို နေမျိုးအောင်က "မြစ်လက်တက်ပေမဲ့ ရေစီးက ကြမ်းတယ်" ဇာတ်ကားဖြင့် ရရှိခဲ့သည်။

  ၂၀၂၅ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကိုရတနာဗိုက "မောင့် မိဖုရား" ဇာတ်ကားဖြင့် ရရှိခဲ့သည်။

အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ရရရှိသည့် ရတနာဗိုသည် ၎င်းအတွက် ပထမဆုံးကြိမ် အကယ်ဒမီဆုကို ရရှိခဲ့ခြင်း ဖြစ်သည်။

 ထို့ပြင် ၂၀၂၅ ခုနှစ် အတွက် အကောင်း ဆုံး အမျိုးသားဇာတ်ဆောင်ဆုကို မြင့်မြတ်က "မြေစာ" ဇာတ်ကားဖြင့် ရရှိခဲ့သည်။ 

  အကယ်ဒမီမြင့်မြတ်သည် ၂၀၁၇ ခုနှစ် တွင် "ကျွန်"ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိခဲ့ပြီး ၂၀၁၉ ခုနှစ် တွင် "ရိုးမပေါ်ကျတဲ့ မျက်ရည်" ဇာတ်ကား ဖြင့် အကောင်းဆုံးအမျိုးသားဇာတ်ဆောင် ဆုကို ရရှိခဲ့ကာ ယခုရရှိသည် အကယ်ဒမီဆုသည် ၎င်းအတွက် သုံးကြိမ်မြောက်ရရှိသည့် အကယ်ဒမီဆုဖြစ်သည်။

 

Most Read

Most Recent