ဘာစီလိုနာအသင်းရဲ့ ဂျာမနီဂိုးသမား စတီဂျန်ဟာ ဂျီရိုနာအသင်းဆီ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့ကြောင်း သိရပါတယ်။
၂၀၁၄ ခုနှစ်ကတည်းက မိုချန်ဂလာဘတ်ကနေ ဘာစီလိုနာအသင်းကို ရောက်ရှိခဲ့တဲ့ စတီဂျန်ဟာ အသင်းအတွက် ပြိုင်ပွဲစုံ (၄၂၃)ပွဲ ကစားပေးထားသူပါ။
အသက်(၃၃)နှစ်ရှိပြီဖြစ်တဲ့ စတီဂျန်ဟာ ၂၀၂၃-၂၄ ရာသီအထိ ဘာစီလိုနာအသင်းရဲ့ နံပါတ်(၁) ဂိုးသမားအဖြစ် ရပ်တည်နိုင်ခဲ့ပေမဲ့ ပြီးခဲ့တဲ့ရာသီကစပြီး အရန်ခုံထိုင်ခဲ့ရပါတယ်။
လက်ရှိအချိန်မှာ အက်စ်ပန်ညိုက ပြောင်းရွှေ့လာတဲ့ စပိန်ဂိုးသမား ဟွမ်ဂါစီယာက ဘာစီလိုနာအသင်းရဲ့ အဓိကဂိုးသမားအဖြစ် လက်စွမ်းပြနေပြီဖြစ်တာကြောင့် စတီဂျန်က အငှားထွက်ကစားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
စတီဂျန်ဟာ ဘာစီလိုနာအသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသူဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့အတွက် ပုံမှန်ကစားခွင့်ရမယ့်အသင်းထံ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ပြီး ဘာစီလိုနာအသင်းကလည်း လစာပေးချေရမှု လျော့ကျစေဖို့အတွက် ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
စတီဂျန်ဟာ ဘာစီလိုနာအသင်းကို ဂျာမန်နည်းပြ ဟန်ဆီဖလစ်ခ် ရောက်ရှိလာချိန်ကစပြီး အသင်းမှာ (၁၀)ပွဲသာ ကစားခွင့်ရခဲ့ကြောင်း သိရပါတယ်။
ဘာစီလိုနာဂိုးသမား စတီဂျန် ဂျီရိုနာအသင်းထံ အငှားနဲ့ ပြောင်းရွှေ့
Most Read
Most Recent
47 min ago















