■ ဘန်ကောက်မြို့အဝင် ရာမ ၂ လမ်းတွင် မြေကျွံမှုဖြစ်ပွားပြီး မော်တော်ယာဉ်တစ်ဦး မြေကျင်းထဲသို့ပြုတ်ကျ

■ ဘန်ကောက်မြို့အဝင် ရာမ ၂ လမ်းတွင် မြေကျွံမှုဖြစ်ပွားပြီး မော်တော်ယာဉ်တစ်ဦး မြေကျင်းထဲသို့ပြုတ်ကျ
Published 17 January 2026

ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့အဝင် ရာမ ၂ လမ်းတွင် ဇန်နဝါရီ ၁၇ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်က မြေကျွံမှုဖြစ်ပြီး မြေကျင်းထဲသို့ ပစ်ကပ်မော်တော်ယာဉ်တစ်စီး ပြုတ်ကျသွားကာ လမ်းနှစ်လမ်းစလုံးတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၇ ရက် အစောပိုင်းတွင် မော်တော်ယာဉ်မောင်းသူများအကြား အရေးပေါ်ဖြစ်ရပ်တစ်ခုကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့ရပြီး ဆမွတ်ဆာခွန်ရှိ ဘန်ကောက်သို့အဝင် လမ်းမပေါ်ရှိ ရာမ ၂ လမ်းပိုင်းတစ်ခု ပြိုကျခဲ့သည်ဟု The Nation News တွင် ဖော်ပြထားသည်။

ဘန်ကောက်မြို့ အဝင်လမ်း Big Song ဈေးဝယ်စင်တာအနီးရှိ ရာမ ၂ လမ်း၏ ယာဉ်ကြောပြိုင်လမ်းပေါ်တွင် ရုတ်တရက် လမ်းပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း၊ ယာဉ်အရွယ်အစားခန့်ရှိသော ကြီးမားနက်ရှိုင်းသည့် မြေကျင်းတစ်ခုဖြစ်ပေါ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါလမ်းမတွင် အခင်းဖြစ်အချိန်က မောင်းနှင်လာသည့် ပစ်ကပ်ကားတစ်စီးသည် ရှေ့ပိုင်းထိုးကျလျက် မြေကျင်းထဲသို့ ကျရောက်သွားခဲ့သည်။ အဆိုပါဖြစ်ရပ်ကြောင့် လမ်းသွားလမ်းလာ ခရီးသွားများ ထိတ် လန့်တုန်လှုပ်ခဲ့ရပြီး ကနဦးသတင်းများအရ ယာဉ်မှာ ဆိုးရွားစွာ ပျက်စီးသွားခဲ့သည်။

သက်ဆိုင်ရာအာဏာပိုင်များသည် နေရာအား စစ်ဆေးရန် အခင်းဖြစ်ပွားရာနေရာသို့ အလျင်အမြန်ရောက်ရှိလာခဲ့သည်။ ထိခိုက်မှုရှိသော လမ်းပိုင်းကို ချက်ချင်းပိတ်ခဲ့ပြီး မြေအောက်ရေပိုက်ပေါက်ခြင်းကြောင့် မြေကျခြင်းဖြစ်ပေါ်ခဲ့သည်ဟု စိုးရိမ်မှုများကြောင့် ရေ valve (အဆို့ရှင်) များကို ပိတ်ခဲ့သည်ဟု သိရသည်။

ထို့အတူ ဇန်နဝါရီ ၁၄ ရက်ကလည်း ထိုင်းနိုင်ငံ နခွန်ရက်ချ်စီးမားခရိုင်တွင် အမြန်ရထားပေါ်သို့ ဆောက်လုပ်ရေးသုံး ကရိန်းပြုတ်ကျခြင်းကြောင့် ရထားဘီးချော်ကာ ခရီးသည် ၂၂ ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။

Ref: The Nation

Photos: khaosod English

 

Most Read

Most Recent