၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်း ဆုကြေးဒေါ်လာ(၁၀)သန်း ရရှိမယ်

၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်း ဆုကြေးဒေါ်လာ(၁၀)သန်း ရရှိမယ်
Photo: X
Photo: X
Published 14 January 2026

လက်ရှိကျင်းပနေတဲ့ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းဟာ ဆုကြေးအဖြစ် ဒေါ်လာ(၁၀)သန်း ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ပြိုင်ပွဲမှာ ချီးမြှင့်ခဲ့တဲ့ဆုကြေးထက် (၄၃%)မြင့်တက်လာခြင်းဖြစ်ကြောင်း အာဖရိကဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ မော့ဆက်ပီက ပြောကြားခဲ့ပါတယ်။

အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ဆုကြေးငွေတွေ ဆက်တိုက်မြင့်တက်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ်ပြိုင်ပွဲတုန်းက ချန်ပီယံဆု ရရှိတဲ့အသင်းက ဒေါ်လာ(၅)သန်းသာ ရရှိခဲ့ကြောင်း သိရပါတယ်။

၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ချန်ပီယံအသင်းက ဒေါ်လာ(၁၀)သန်းရရှိမှာဖြစ်သလို၊ ဒုတိယရရှိတဲ့အသင်းက ဒေါ်လာ(၄)သန်း ရရှိမှာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ ရှုံးနိမ့်တဲ့နှစ်သင်းက ဒေါ်လာ(၂.၅)သန်းစီ ရရှိမှာဖြစ်ကြောင်း သိရပါတယ်။

၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲက လက်ရှိအချိန်မှာ ဆီမီးဖိုင်နယ်အဆင့် ရောက်ရှိနေပြီဖြစ်ပြီး ဒီနေ့ည မြန်မာစံတော်ချိန် ၁၁း၃၀ နာရီမှာ ဆီနီဂေါနဲ့ အီဂျစ်၊ ၂း၃၀ နာရီမှာ နိုင်ဂျီးရီးယားနဲ့ မော်ရိုကိုတို့ ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

အိမ်ရှင် မော်ရိုကိုအသင်းက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။ 

Most Read

Most Recent