ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ မန်စီးတီးအသင်း အရှိန်တိုးမြှင့်ကြိုးပမ်းနေ

ခရစ္စတယ်ပဲလေ့စ်နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ မန်စီးတီးအသင်း အရှိန်တိုးမြှင့်ကြိုးပမ်းနေ
Photo: X
Photo: X
Published 12 January 2026

မန်စီးတီးအသင်းဟာ ခရစ္စတယ်ပဲလေ့စ်အသင်းက အင်္ဂလန်နောက်ခံလူ ဂူဟီကို ခေါ်ယူဖို့ အရှိန်တိုးမြှင့်ကြိုးပမ်းနေကြောင်း သိရပါတယ်။

ဂူဟီ(၂၅ နှစ်)ဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက လီဗာပူးလ်အသင်းကို ရောက်ရှိဖို့ အလွန်နီးစပ်တဲ့ အခြေအနေ ရောက်ရှိခဲ့သူဖြစ်ပြီး ပဲလေ့စ်အသင်းအနေနဲ့ အစားထိုးဖို့ ကစားသမား အချိန်မီခေါ်ယူနိုင်ခြင်းမရှိတာကြောင့် အပြောင်းအရွှေ့ပျက်ခဲ့ရတာပါ။

ဂူဟီဟာ လာမယ့်နွေရာသီမှာ ပဲလေ့စ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် လီဗာပူးလ်အသင်းက အဲဒီအချိန်ရောက်မှ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ဒါပေမဲ့ ဂူဟီကို ရီးယဲလ်မက်ဒရစ်နဲ့ ဘိုင်ယန်မြူးနစ်တို့ကလည်း လာမယ့်နွေရာသီမှာ လီဗာပူးလ်နဲ့အပြိုင် ကမ်းလှမ်းဖို့ စီစဉ်နေကြပြီး မန်စီးတီးအသင်းကတော့ လက်ရှိဇန်နဝါရီစျေးကွက်မှာပဲ ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူဖို့ ကြိုးပမ်းလာခြင်းဖြစ်ကြောင်း သိရပါတယ်။

ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း ပြောင်းရွှေ့ကြေးရရှိချိန်မှာ ရောင်းထုတ်ဖို့ ဆန္ဒရှိ နေပြီး ပေါင်သန်း(၄၀)ဝန်းကျင် ရရှိဖို့ လိုလားနေကြောင်း သိရပါတယ်။

မန်စီးတီးအသင်းက ဂူဟီကို အရင်ချဉ်းကပ်နေခြင်းဖြစ်ပြီး ဂူဟီ ခေါင်းညိတ်မှ ပဲလေ့စ်အသင်းနဲ့ ပြောင်းရွှေ့ကြေးညှိနှိုင်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

Most Read

Most Recent