မော်ရိုကိုလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူး ဘရာဟင်မ်ဒီယက်ဇ်ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ပြိုင်ပွဲတစ်ခုအတွင်း (၄)ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးမော်ရိုကိုကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။
ရီးယဲလ်မက်ဒရစ်တိုက်စစ်မှူး ဘရာဟင်မ်ဒီယက်ဇ်ဟာ ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ အုပ်စု(၃)ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့သလို၊ မနေ့က တန်ဇန်းနီးယားနဲ့ ယှဉ်ပြိုင်ကစားတဲ့ (၁၆)သင်းအဆင့်မှာလည်း တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် ပြိုင်ပွဲသမိုင်းမှာ မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်လည်း ဦးဆောင်နိုင်ခဲ့ပါတယ်။
မော်ရိုကိုအသင်းဟာ ကွာတားဖိုင်နယ်အဆင့်မှာ ကင်မရွန်းအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဇန်နဝါရီ(၉)ရက်မှာ ယှဉ်ပြိုင်ကစားရမှာပါ။
နောက်ထပ် ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲမှာတော့ မာလီနဲ့ ဆီနီဂေါအသင်း ဆုံတွေ့နေပြီး ကျန်နှစ်ပွဲအတွက်ကတော့ အဖြေမထွက်သေးပါဘူး။















