■  ထိုင်ဝမ်ပြဿနာသည် တရုတ်၏ ပြည်တွင်းရေးပင်ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်၏ ခွဲခြမ်းစိတ်ဖြာ၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုသည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်

■  ထိုင်ဝမ်ပြဿနာသည် တရုတ်၏ ပြည်တွင်းရေးပင်ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်၏ ခွဲခြမ်းစိတ်ဖြာ၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုသည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်
Published 1 January 2026

ထိုင်ဝမ်ပြဿနာ (Taiwan Question) သည် တရုတ်၏ ပြည်တွင်းရေးပင်ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်၏ ခွဲခြမ်းစိတ်ဖြာ၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုသည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်သည်။

လက်ရှိ တင်းမာမှုဖြစ်ပွားနေသည့် ထိုင်ဝမ်ပြဿနာ (Taiwan Question) နှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ သဘောထားရပ်တည်ချက်အား ထုတ်ပြန်ရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အထက်ပါအတိုင်း ထည့်သွင်းထုတ်ပြန်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ စတင်ပေါ်ပေါက်လာစဉ်ကတည်းက တရုတ်နိုင်ငံ၏ လွတ်လပ်ရေးကို အစောဆုံံး အသိအမှတ်ပြုခဲ့သည့် နိုင်ငံဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းမူဝါဒ (One China Policy) အပေါ် အစဉ်တစိုက် ရပ်တည်ထောက်ခံခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်အချင်းချင်း တွေ့ဆုံစဉ်၌လည်း ထပ်လောင်းအတည်ပြုပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ထိုင်ဝမ်နှင့် ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ရည်ရွယ်ချက်ကိုလည်း ထောက်ခံရပ်တည်လျက်ရှိကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့သည် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး ငါးရပ်ကို သဘောတူလိုက်နာနေသည့် နိုင်ငံများဖြစ်သည်နှင့်အညီ တစ်နိုင်ငံနှင့် တစ်နိုင်ငံ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကို လေးစားကြကြောင်း၊ ၎င်းအတွက် ကြိုးပမ်းမှုကိုလည်း အလေးထားကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

တစ်နိုင်ငံ၏ ပြည်တွင်းရေးကို တစ်နိုင်ငံက လေးစားမှုပြုရေးမူဝါဒအရလည်း ထိုင်ဝမ်ပြဿနာ (Taiwan Question) သည် တရုတ်၏ ပြည်တွင်းရေးပင်ဖြစ်ပြီး ထိုင်ဝမ်သည် တရုတ်၏ ခွဲခြမ်းစိပ်ဖြာ၍မရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း အသိအမှတ်ပြုသည်ဟု အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ခွဲထွက်ရေးလှုပ်ရှားမှုများသည် ဒေသတွင်းလုံခြုံရေးကို ထိခိုက်စေနိုင်သဖြင့် ၎င်းလှုပ်ရှားမှုများကို အသိအမှတ်မပြုကြောင်း၊ ပဋိပက္ခဖြစ်ပွားမှုများကို မြင့်တက်စေမည့် မည်သည့်အားပေးမှုကိုမဆို ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်၏ အိမ်နီးချင်းမိတ်ဆွေကောင်းနိုင်ငံ၊ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးရှိသည့် နိုင်ငံ၊ အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူထူထောင်ထားသည့် နိုင်ငံအဖြစ် အစဉ်အမြဲရပ်တည်သွားမည်ဖြစ်ကြောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။  



 

Most Read

Most Recent