ဘရာဟင်မ်ဒီယက်ဇ်ကို ၂၀၃၀ အထိ သက်တမ်းတိုးဖို့ ရီးယဲလ်အသင်း သဘောတူညီမှုရရှိ

ဘရာဟင်မ်ဒီယက်ဇ်ကို ၂၀၃၀ အထိ သက်တမ်းတိုးဖို့ ရီးယဲလ်အသင်း သဘောတူညီမှုရရှိ
Photo: X
Photo: X
Published 31 December 2025

ရီးယဲလ်အသင်းဟာ မော်ရိုကိုလက်ရွေးစင် တိုက်စစ်ကစားသမား ဘရာဟင်မ်ဒီယက်ဇ်ကို ၂၀၃၀ ခုနှစ်အထိ သက်တမ်းတိုးဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

ဘရာဟင်မ်ဒီယက်ဇ်ဟာ လက်ရှိအချိန်မှာ မော်ရိုကိုအသင်းနဲ့အတူ အာဖရိကနိုင်ငံများဖလားပွဲ သွားရောက်ယှဉ်ပြိုင်နေပေမဲ့ ရီးယဲလ်အသင်းက သဘောတူညီမှုရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

၂၀၁၉ နွေရာသီမှာ မန်စီးတီးကနေ ရီးယဲလ်ကို ပေါင်(၂၂)သန်းနဲ့ ရောက်ရှိခဲ့တဲ့ ဘရာဟင်မ်ဒီယက်ဇ်ရဲ့ လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ်အထိဖြစ်ပြီး ရီးယဲလ်အသင်းက နောက်ထပ်(၃)နှစ် သက်တမ်းတိုးခဲ့ခြင်းဖြစ်ပါတယ်။

ရီးယဲလ်အသင်းမှာ တစ်ပတ်လစာ ယူရို(၁၄၀၀၀၀)ဝန်းကျင်ရရှိနေတဲ့ ဘရာဟင်မ်ဒီယက်ဇ်ဟာ စာချုပ်သစ်အရ လစာတိုးမြင့်ရရှိသွားမှာဖြစ်ကြောင်း သိရပါတယ်။

ဘရာဟင်မ်ဒီယက်ဇ်(၂၆ နှစ်)ဟာ အာဖရိကနိုင်ငံများဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနေပြီး ၁၉၇၆ နောက်ပိုင်း ဒီပြိုင်ပွဲမှာ (၃)ပွဲဆက်ဂိုးသွင်းနိုင်တဲ့ ပထမဆုံးမော်ရိုကိုကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။

Most Read

Most Recent