■ တရုတ် (တိုင်ပေ) အနီး တရုတ်စစ်ရေးလေ့ကျင့်မှု စိုးရိမ်စရာမရှိဟု ဒေါ်နယ်ထရန့် ဆို

■ တရုတ် (တိုင်ပေ) အနီး တရုတ်စစ်ရေးလေ့ကျင့်မှု စိုးရိမ်စရာမရှိဟု ဒေါ်နယ်ထရန့် ဆို
Published 30 December 2025

တရုတ် (တိုင်ပေ) ကျွန်းပတ်လည်တွင် တရုတ်နိုင်ငံက အကြီးစားစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေမှုအပေါ်  မိမိအနေဖြင့် စိုးရိမ်ခြင်းမရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ပြောကြားလိုက်သည်။

ဒီဇင်ဘာ ၂၉ ရက် သတင်းစာရှင်းလင်းပွဲတွင် ထရန့်က “ကျွန်တော်နဲ့ သမ္မတရှီကျင့်ဖျင်ရဲ့ ဆက်ဆံရေးက ကောင်းပါတယ်။ အခုစစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်လို့ သူ ကျွန်တော့်ကို ဘာမှမပြောပါဘူး။ ကျွန်တော်လည်း မြင်တွေ့နေရတာပဲ။ ဘာမှ စိုးရိမ်စရာမရှိပါဘူး။ အဲဒီမှာ သူတို့ စစ်ရေးလေ့ကျင့်လာတာ အနှစ် ၂၀ ရှိပြီ” ဟု ပြောကြားခဲ့သည်။ 

ဒီဇင်ဘာ ၂၉ ရက်တွင် စတင်ခဲ့သည့် တရုတ်၏ နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုများက တရုတ် (တိုင်ပေ) ကို အမေရိကန်က သမိုင်းတစ်လျှောက် အကြီးမားဆုံး လက်နက်ရောင်းချမှုပြုလုပ်ထားကြောင်းကြေညာပြီး နှစ်ပတ်နီးပါးအကြာတွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် တရုတ် (တိုင်ပေ) ကျွန်း၏ အဓိကနေရာများကို သိမ်းပိုက်ခြင်းနှင့် ပိတ်ဆို့ခြင်းတို့ကို ပုံဖော်လေ့ကျင့်သည့် လေ့ကျင့်မှုများဖြစ်ပြီး “ တရုတ် (တိုင်ပေ) ခွဲထွက်ရေးအင်အားစုများ” နှင့် “ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများ” ကို သတိပေးသည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်ကြောင်း တရုတ်စစ်တပ်က ကြေညာထားသည်။ 

ဒီဇင်ဘာ ၃၀ ရက် စစ်ရေးလေ့ကျင့်မှုတွင် ကျွန်းကို ဝန်းရံထားသည့်နေရာငါးခု၌ လေကြောင်းနှင့် ရေကြောင်းလေ့ကျင့်မှုများကို ၁၀ နာရီကြာ ခဲယမ်းအစစ်များသုံးပြီး လေ့ကျင့်မှုတို့ပါဝင်သည်။

အမေရိကန်အစိုးရသည် တရုတ်အစိုးရနှင့်သာ တရားဝင်ဆက်ဆံရေးရှိပြီး ဆယ်စုနှစ်များစွာတိုင် သံတမန်ရေးအရ ထိလွယ်ရှလွယ်အခြေအနေများကို ထိန်းညှိခဲ့ရသည်။ သို့သော်လည်း အမေရိကန်က တရုတ် (တိုင်ပေ) ၏ မဟာမိတ်ဖြစ်နေဆဲဖြစ်ပြီး လက်နက်အများဆုံး ထောက်ပံ့ပေးထားသူလည်းဖြစ်သည်။

Ref: BBC

Photos: AFP & Reuters

 

Most Read

Most Recent