♦ နယူးကာဆယ် - ချယ်လ်ဆီး (ည ၇ နာရီ)
နှစ်သင်းစလုံး ကြားရက်မှာ လိဂ်ဖလားပြိုင်ပွဲ အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့တယ်။ ဒါပေမဲ့ နှစ်သင်းစလုံး အလွယ်တကူ အနိုင်ရခဲ့တာမဟုတ်ဘဲ နောက်ကျဂိုးတွေကြောင့်သာ ကံကောင်းခဲ့ရတာပါ။ လက်ရှိအခြေအနေအရ နှစ်သင်းစလုံး ခြေသိပ်မမှန်ပေမဲ့ နယူးကာဆယ်ရဲ့ အိမ်ကွင်းစွမ်းဆောင်ရည်ကြောင့် သုံးမှတ်ရယူနိုင်စွမ်းရှိပါတယ်။
♦ မန်စီးတီး - ဝက်စ်ဟမ်း (ည ၉း၃၀ နာရီ)
မန်စီးတီးအသင်းက ပြိုင်ပွဲစုံ ခြောက်ပွဲဆက် အနိုင်ရလဒ်နဲ့ အကောင်းဆုံးပုံစံဆီ ဦးတည်နေချိန်မှာ ဝက်စ်ဟမ်းအသင်းက ငါးပွဲဆက် နိုင်ပွဲပျောက်ပြီး တန်းဆင်းဇုန်ထဲက မထွက်နိုင်သေးဘူး။ အီတီဟတ်ကွင်းမှာ မန်စီးတီးအသင်း ဂိုးပြတ်နိုင်ပွဲဆက်ဦးမယ်။
♦ စပါး - လီဗာပူးလ် (ည ၁၂ နာရီ)
လီဗာပူးလ်အသင်းနည်းပြ အာနယ်ဆလော့က အနိုင်ရလဒ်တွေကြောင့် ဖိအားလျော့သွားပေမဲ့ စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်ကတော့ ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့အတူ အနာဂတ်လည်း မရေမရာဖြစ်နေတယ်။ စပါးအသင်းက တည်ငြိမ်မှုအားနည်းသလို၊ ဂိုးသမား ဗစ်ကာရီယိုကလည်း အမှားများနေတယ်။ အဝေးကွင်းကစားရမယ့် လီဗာပူးလ်ကို ပိုကြိုက်တယ်။
♦ အဲဗာတန် - အာဆင်နယ် (ဒီဇင်ဘာ ၂၁ ရက် နံနက် ၂း၃၀ နာရီ)
ဒေးဗစ်မွိုက်စ်ရဲ့ အဲဗာတန်အသင်းက မာကျောပြီး စုစည်းမှုလည်းကောင်းတယ်။ ဒါပေမဲ့ ဒီရာသီ ထိပ်သီးအသင်းတွေနဲ့ တွေ့ဆုံရာမှာ မန်ယူတစ်သင်းကိုပဲ အနိုင်ရထားတယ်။ အာဆင်နယ်အသင်းကတော့ ခံစစ်ပိုင်းမှာ ဘင်ဝှိုက် ဒဏ်ရာထပ်ရသွားတာက ထိုးနှက်ချက်ပါပဲ။ ဒါပေမဲ့ ကံကြမ္မာကောင်းတွေရနေတဲ့ အာဆင်နယ်အသင်း နိုင်ပွဲဆက်ဖို့ရှိတယ်။
♦ အခြားပွဲစဉ်များ
ဘုန်းမောက် - ဘန်လေ*
*ဘရိုက်တန် - ဆန်းဒါးလန်း
*ဝုလ်ဗ် - ဘရန့်ဖို့ဒ်
*လိဒ်စ် - ခရစ္စတယ်ပဲလေ့စ်















