ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ (ကျားဖြူပါတီ)ရွေးကောက်ပွဲ အောင်နိုင်ရေးနှင့် လူထုတွေ့ဆုံပွဲကို ဒီဇင် ဘာ ၈ ရက်တွင် ရန်ကုန်မြို့ရှိ Sky Star ဟိုတယ်တွင် ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ပြည်ထောင် စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေး ပြုခြင်း၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ (ကျားဖြူပါတီ) အလံတော်အား အလေးပြုခြင်း၊ ပါတီဗဟိုကော်မတီဝင်များ နှင့် ပါတီဥက္ကဋ္ဌ၏ အကြံပေးတို့အား မိတ် ဆက်ခြင်းတ ို့ပြုလုပ်ခဲ့သည်။
ထို့နောက် ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်း အိုက်ပေါင်းက အဖွင့်အမှာစကား ပြောကြားခဲ့ ပြီး ကျားဖြူပါတီအနေဖြင့် ရွေးကောက်ပွဲ အ နိုင်ရပါက ငြိမ်းချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးကို တစ်ပြိုင်တည်း လုပ်ဆောင်မည် ဖြစ် ကြောင်း ゞင်းက အဆိုပါ အခမ်းအနားတွင် ပြောကြားခဲ့သည်။
"ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးကို တစ်ပြိုင် တည်းလုပ်မယ်။ ငြိမ်းချမ်းရေးတစ်ခုတည်း လုပ်လို့ မရဘူး။ ပြည်သူလူထုက အရမ်းဒုက္ခ ရောက်နေတယ်။ စားဝတ်နေရေးက အရမ်း အဆင်မပြေဘူး။ အခု ဝန်ထမ်းတွေနဲ့ အလုပ် သမားတွေက ရတဲ့ ဝင်ငွေနဲ့ အစားအသောက် ကုန်ဈေးနှုန်းတွေက အရမ်းကွာလာတယ်"ဟု ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြော ကြားသည်။
အဆိုပါ အခမ်းအနားတွင် ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် (ကျားဖြူပါတီ) ကို ဒေသတစ်ခုအရေးထက် ပြည်ထောင်စုအရေး ဆောင်ရွက်ရန်အတွက် ရှမ်းနှင့် တိုင်းရင်းသား များဒီကရက်တစ် (ကျားဖြူပါတီ) အဖြစ်ပြောင်းလဲ၍ ပြည်ထောင်စုတစ်ဝန်း စည်းရုံး မည့်ပါတီအဖြစ် မှတ်ပုံတင်ကာ ရွေးကောက် ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့်အခြေအနေများ၊ အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်တွင် သ ယံဇာတ ခွဲဝေ၍ ငြိမ်းချမ်းရေးရယူခဲ့ပြီး ရွေးကောက်ပွဲမှတစ်ဆင့် လက်နက်ကိုင်ခေါင်းဆောင်များ အာချေးတွင် အစိုးရဖြစ်လာသည့် အခြေအနေများ၊ ကျားဖြူပါတီအနေဖြင့် ရွေးကောက်ပွဲအနိုင်ရရှိပါက ငြိမ်းချမ်းရေးဆောင် ရွက်မည့်အခြေအနေများကို ထည့်သွင်းပြော ကြားခဲ့သည်။
''ငြိမ်းချမ်းရေးနည်းလမ်းက သူပုန်က အဓိကက ငြိမ်းချမ်းရေးလိုချင်တဲ့ စိတ်ဆန္ဒရှိ ရင် ဖြစ်ကို ဖြစ်တယ်''ဟု ဦးစိုင်းအိုက်ပေါင်းက ပြောကြားသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၆၁ ပြင်ဆင်ရန် လိုအပ်သဖြင့် ပြင်ဆင်ရေးဆောင်ရွက်မည့် အခြေအနေများ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပစီးပွားရေး ပိတ်ဆို့မှုများကို ပယ်ဖျက်နိုင်ရေး ဆောင်ရွက် မည့်အခြေအနေများ၊ လယ်ယာမြေ သိမ်း ဆည်းပြီး စီမံကိန်းဖော်ဆောင်ခြင်းမရှိသည့် လယ်ယာမြေများ ပြန်လည်ရရှိနိုင်ရေးဆောင် ရွက်မည့် အခြေအနေများကို ပါတီဥက္ကဋ္ဌ ဦး စိုင်းအိုက်ပေါင်းက အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် ကျားဖြူပါတီ တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဦးစိုင်းထွန်းလင်းက ကိုယ် စားလှယ်များအတွက် စည်းရုံးရေးကာလအ တွင်း ဆောင်ရန်ရှောင်ရန်များကို ရှင်းလင်း ဆွေးနွေးခြင်း၊ ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်း ၏ အကြံပေး ဦးဗညားစိုးနှင့် ကျားဖြူပါတီ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးနေ မျိုးဇော်က ကိုယ်စားလှယ်လောင်းများအား ပါတီအောင်နိုင်ရေးအတွက် အကြံပြုခြင်းစ ကား ပြောကြားခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ကျားဖြူပါတီက ၂၀၂၅ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ်လောင်း ၁၅၈ ဦး၊ အမျိုးသားလွှတ်တော် ကိုယ် စားလှယ်လောင်း ၇၃ ဦး၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ၃၃၇ ဦး၊ တိုင်းရင်းသားလူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း ရှစ်ဦး ဝင် ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။















