ပါးမားဂိုးသမား ဆူဇူကီးကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ အာဆင်နယ်ပါဝင်လာ

ပါးမားဂိုးသမား ဆူဇူကီးကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ အာဆင်နယ်ပါဝင်လာ
Photo: X
Photo: X
Published 5 December 2025

အာဆင်နယ်အသင်းဟာ ပါးမားအသင်းက ဂျပန်ဂိုးသမား ဆူဇူကီးကို ခေါ်ယူလိုတဲ့အသင်းတွေထဲမှာ ပါဝင်လာကြောင်း သိရပါတယ်။

အသက်(၂၃)နှစ်သာရှိသေးတဲ့ ဆူဇူကီးဟာ အမေရိကန်နိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး ဖခင်က ဂါနာ၊ မိခင်က ဂျပန်ဖြစ်ပါတယ်။

ဆူဇူကီးဟာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဂျပန်ကလပ် အူရာဝရက်ဒ်ဒိုင်းမွန်းအသင်းမှာ အစပြုခဲ့ပြီး ၂၀၂၄ နွေရာသီမှာ ပါးမားအသင်းကို ရောက်ရှိခဲ့တာပါ။

လက်ရှိအချိန်မှာ ပါးမားအသင်းရဲ့ ပထမဂိုးသမားအဖြစ် လက်စွမ်းပြနေသလို၊ ဂျပန်လက်ရွေးစင်အသင်းမှာလည်း ပထမဂိုးသမားအဖြစ် ရပ်တည်နေပြီဖြစ်တာကြောင့် ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ ကလပ်အသင်းတွေ အများကြီးရှိနေပါတယ်။

အီတလီမီဒီယာတွေရဲ့အဆိုအရ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်နဲ့ အေစီမီလန်တို့က ဆူဇူကီးကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အပြင် လက်ရှိအချိန်မှာ အာဆင်နယ်အသင်းလည်း ပါဝင်လာကြောင်း သိရပါတယ်။

ပါးမားအသင်းက ဆူဇူးကီးကို ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားရာမှာ ယူရိုသန်း(၄၀)တန် လျော်ကြေးစာချုပ် ထည့်သွင်းချုပ်ဆိုထားကြောင်းလည်း သိရပါတယ်။

Most Read

Most Recent