ဘိုလော့ဂ်နာ - ခရီမိုနီဆီ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
ဘိုလော့ဂ်နာက ပြိုင်ပွဲစုံ(၃)ပွဲဆက် အနိုင်ရထားတဲ့အသင်းဖြစ်ပြီး ခရီမိုနီဆီက (၃)ပွဲဆက် ရှုံးနိမ့်ထားတဲ့အသင်း ဖြစ်ပါတယ်။ ဒီနှစ်သင်းဆုံတွေ့ရင် အမှတ်ခွဲယူရတာများပေမဲ့ ဒီပွဲမှာတော့ ဘိုလော့ဂ်နာ အနိုင်ယူပါလိမ့်မယ်။
ဗယ်လက်ကာနို - ဗလင်စီယာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)
အသင်းနှစ်သင်းရဲ့ လတ်တလောခြေစွမ်းက မတိမ်းမယိမ်းအနေအထားမှာရှိတယ်လို့ ဆိုနိုင်ပြီး ရလဒ်တွေအရ ဗလင်စီယာက တက်ရိပ်ပြလာပါတယ်။ ဗလင်စီယာအသင်း သရေမျှော်လင့်လို့ ရပါတယ်။















