ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲမှာ ကိုးပွဲအထိ ရှုံးနိမ့်ထားပေမဲ့ မိမိရာထူးအတွက် စိတ်မပူဘူးလို့ လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ပြောကြား

ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲမှာ ကိုးပွဲအထိ ရှုံးနိမ့်ထားပေမဲ့ မိမိရာထူးအတွက် စိတ်မပူဘူးလို့ လီဗာပူးလ်နည်းပြ အာနယ်ဆလော့ ပြောကြား
Photo: Reuters
Photo: Reuters
Published 28 November 2025

လီဗာပူးလ်အသင်းအနေနဲ့ ၁၉၅၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအဖြစ် ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲမှာ ကိုးပွဲအထိ ရှုံးနိမ့်ထားပေမဲ့ မိမိရာထူးအတွက် စိတ်မပူဘူးလို့ နည်းပြဖြစ်သူ အာနယ်ဆလော့က ပြောကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ နောက်ဆုံးသုံးပွဲဆက် ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲမှာ သုံးပွဲသာ အနိုင်ရခဲ့ခြင်းဖြစ်ပါတယ်။ 

ဒီအခြေအနေဟာ ၁၉၅၃ ခုနှစ် နိုဝင်ဘာကနေ ၁၉၅၄ ခုနှစ် ဇန်နဝါရီလအတွင်း ၁၂ ပွဲကစားရာမှာ ကိုးပွဲရှုံးနိမ့်ပြီးနောက် ရှုံးပွဲအများဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

ဒါကြောင့် အနာဂတ်အတွက် စိုးရိမ်မှုရှိနေပြီလားလို့ မေးမြန်းမှုအပေါ် ဆလော့က ''ကျွန်တော်မစိုးရိမ်ပါဘူး။ ကျွန်တော် ဆိုလိုချင်တာက ကိုယ့်ရဲ့ရာထူးကို စိုးရိမ်တာထက် တခြားအရာတွေကို အာရုံစိုက်ထားတယ်လို့ ပြောချင်တာပါ။ ကစားသမားတွေကို ကူညီပေးဖို့၊ ခွဲခြမ်းစိတ်ဖြာပြီး သုံးသပ်ဖို့ ကျွန်တော် တတ်နိုင်သလောက် ကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ရာသီကလို ကျွန်တော် မလုပ်ဘူးဆိုတာ  သေချာပါတယ်။ ဘာလို့လဲဆိုတော့ တစ်ဦးချင်းအမှားတွေအကြောင်း ပြောတဲ့အခါ ဒါတွေက အသင်းလိုက်အားထုတ်မှုဆီက ရောက်လာတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် ကျွန်တော် ပိုကောင်းအောင်လုပ်ဖို့ လိုပါတယ်။ အသင်းကို တိုးတက်လာအောင် နေ့တိုင်းကြိုးစားနေတာက ဒါပါပဲ။ ဒါက ကျွန် တော် အဓိကအာရုံစိုက်ထားတဲ့အရာပါ'' လို့ ဖြေကြားခဲ့ပါတယ်။

လီဗာပူးလ်အသင်းရဲ့ ရလဒ်ပိုင်းအခြေအနေကြောင့် ဆလော့ဟာ ပရီးမီးယားလိဂ်က ထုတ်ပယ်ခံရနိုင်တဲ့ နည်းပြရေပန်းစားမှုစာရင်းမှာ ဒုတိယနေရာရောက်ရှိလာကြောင်း သိရပါတယ်။

လိဒ်စ်အသင်းနည်းပြ ဖာကယ်က အလေးပေးမှု ၈း၁၁ နဲ့ ရေပန်းအစားဆုံးဖြစ်နေပြီး ဆလော့က ၅း၁ နဲ့ ဒုတိယနေရာ ရပ်တည်နေတာပါ။

လီဗာပူးလ်အသင်းရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၁၂ ပွဲ ရလဒ်များ

ပရီးမီးယားလိဂ်    ပဲလေ့စ်    ၂-၁    လီဗာပူးလ်

ချန်ပီယံလိဂ်    ဂါလာတာစာရေး    ၁-၀    လီဗာပူးလ်

ပရီးမီးယားလိဂ်    ချယ်လ်ဆီး    ၂-၁    လီဗာပူးလ်

ပရီးမီးယားလိဂ်    လီဗာပူးလ်    ၁-၂    မန်ယူ

ချန်ပီယံလိဂ်    ဖရန့်ဖတ်    ၁-၅    လီဗာပူးလ်

ပရီးမီးယားလိဂ်    ဘရန့်ဖို့ဒ်    ၃-၂    လီဗာပူးလ်

လိဂ်ဖလား    လီဗာပူးလ်    ၀-၃    ပဲလေ့စ်

ပရီးမီးယားလိဂ်    လီဗာပူးလ်    ၂-၀    ဗီလာ

ချန်ပီယံလိဂ်    လီဗာပူးလ်    ၁-၀    ရီးယဲလ်

ပရီးမီးယားလိဂ်    မန်စီးတီး    ၃-၀    လီဗာပူးလ်

ပရီးမီးယားလိဂ်    လီဗာပူးလ်    ၀-၃    နော်တင်ဟမ်

ချန်ပီယံလိဂ်    လီဗာပူးလ်    ၁-၄ PSV

Most Read

Most Recent