ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်သည့် ဘယ်လာရုစ်နိုင်ငံသမ္မတ Η.Ε. Mr. Aleksandr LUKASHENKO အား နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်၌ ကြိုဆိုခဲ့သည်။
ယနေ့(နိုဝင်ဘာ ၂၈ ရက်)နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်သို့ ရောက်ရှိလာသည့် ဘယ်လာရုစ်နိုင်ငံသမ္မတ Η.Ε. Mr. Aleksandr LUKASHENKO အား ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုခဲ့သည်။
ထိုနောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံသမ္မတ Η.Ε. Mr. Aleksandr LUKASHENKO တို နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင်ဧည့်ခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုနောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံသမ္မတ Η.Ε. Mr. Aleksandr LUKASHENKO တို ရှေ့မှောက်တွင် နှစ်နိုင်ငံတာဝန်ရှိသူများက နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းနှင့် နားလည်မှုစာချွန်လွှာ လဲလှယ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုနောက် ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဘယ်လာရုစ်နိုင်ငံသမ္မတ Η.Ε. Mr. Aleksandr LUKASHENKO သည် တွေ့ဆုံဆွေးနွေးမှုခဲ့များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအား ပြုလုပ်ခဲ့သည်။















