အစ္စကိုကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးလိုက်ကြောင်း ပရိသတ်တွေကို ဘက်တစ်အသင်း ထူးခြားစွာအသိပေးခဲ့

အစ္စကိုကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးလိုက်ကြောင်း ပရိသတ်တွေကို ဘက်တစ်အသင်း ထူးခြားစွာအသိပေးခဲ့
Photo: X
Photo: X
Published 24 November 2025

ဘက်တစ်အသင်းဟာ စပိန်ကွင်းလယ်တိုုက်စစ်ကစားသမား အစ္စကိုကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးလိုက်ကြောင်း ပရိသတ်တွေကို ထူးခြားစွာ အသိပေးခဲ့ကြောင်း သိရပါတယ်။

ဘက်တစ်အသင်းဟာ တနင်္ဂနွေနေ့က ဂျီရိုနာအသင်းနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ အစ္စကိုကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးကြောင်း Tifo ဖန်တီးပြီး ပရိသတ်တွေကို အသိပေးခဲ့တာဖြစ်ပါတယ်။

အစ္စကိုရဲ့ လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် ဘက်တစ်အသင်းက နောက်ထပ်တစ်နှစ် သက်တမ်းတိုးခဲ့ခြင်းဖြစ်ပြီး ပရိသတ်တွေက အသင်းရဲ့လုပ်ဆောင်မှုကို ထောက်ခံအားပေးခဲ့ကြကြောင်း သိရပါတယ်။

ရီးယဲလ်အသင်းရဲ့ ထိပ်တန်းကစားသမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ဖူးတဲ့ အစ္စကိုဟာ ၂၀၂၃ နွေရာသီမှာ ဆီဗီလာကနေ ဘက်တစ်အသင်းကို ပြောင်းရွှေ့ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဘက်တစ်ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားတစ်ဦး ဖြစ်လာခဲ့သူပါ။

အစ္စကို(၃၃ နှစ်)ဟာ ဘက်တစ်အသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၇၀)ကစားပေးထားရာမှာ (၂၁)ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု (၁၉)ကြိမ် ပြုလုပ်ပေးထားကြောင်း သိရပါတယ်။

Most Read

Most Recent