ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် လာလီဂါ ပွဲကြိုသုံးသပ်ချက်
Photo: Man Utd
Photo: Man Utd
Published 24 November 2025

မန်ယူ နှင့် အဲဗာတန် (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

မန်ယူက ဒီပွဲနိုင်ရင် အဆင့်(၅)နေရာ တက်လှမ်းနိုင်မယ့် အခွင့်အရေးရှိနေပါတယ်။ နောက်ဆုံးနှစ်ပွဲဆက် အမှတ်လျော့ထားတာကြောင့် အိမ်ကွင်းမှာ နိုင်ပွဲရယူနိုင်ဖို့ ကြိုးစားလာမှာလည်း သေချာပါတယ်။ အဲဗာတန်ရဲ့ လက်ရှိခြေစွမ်းက အိမ်ကွင်းမှာ နိုင်ပွဲဆက်နေတဲ့ မန်ယူအသင်းကို ယှဉ်နိုင်ဖို့ မလွယ်ပါဘူး။ မန်ယူ အနိုင်သေချာပါတယ်။

တိုရီနို နှင့် ကိုမို (မြန်မာစံတော်ချိန် တနင်္လာည ၁၂းဝ၀ နာရီ)

နည်းပြ ဖာဘရီဂတ်စ်ရဲ့ ကိုမိုအသင်းက ဒီရာသီမှာ ရှုံးပွဲတစ်ပွဲသာရှိသေးပြီး ပုံစံကောင်းပြနေပါတယ်။ တိုရီနိုကလည်း နောက်ဆုံး(၆)ပွဲဆက် ရှုံးပွဲမရှိခဲ့တာကြောင့် အကြိတ်အနယ်ရှိတဲ့ပွဲ ဖြစ်လာနိုင်ပါတယ်။ အမှတ်ခွဲယူဖို့  အလားအလာများပါတယ်။

ဆာဆူအိုလို နှင့် ပီဆာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)

တန်းတက်နှစ်သင်းရဲ့ ဆုံတွေ့မှုဖြစ်ပြီး ပီဆာက နိုင်ပွဲတစ်ပွဲသာရထားပါသေးတယ်။ ဆာဆူအိုလိုကတော့ တန်းတက်အသင်းတွေထဲမှာ ခြေအစွာဆုံးဖြစ်နေပါတယ်။ အိမ်ရှင်ကိုပဲ ရွေးချင်ပါတယ်။

အက်စ်ပန်ညို နှင့် ဆီဗီလာ (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၃၀ နာရီ)

အက်စ်ပန်ညိုက နိုင်ပွဲဆက်နေရာက နောက်ဆုံးနှစ်ပွဲဆက် ရှုံးပွဲတွေ့ခဲ့ပါတယ်။ ဆီဗီလာကတော့ နှစ်ပွဲဆက်ထက်ပိုပြီး အနိုင်မရဖူးသေးပါဘူး။ ထိပ်တိုက်တွေ့ဆုံမှုမှာ အသာစီးပိုရထားတဲ့ ဆီဗီလာဘက်က ရပ်တည်ချင်ပါတယ်။

Most Read

Most Recent