■သာကေတမြို့နယ်တွင် ​ ပြည်သူ့ပါတီ လွှတ်​တော်ကိုယ်စားလှယ်​လောင်းများ၏ ​ဆိုင်းဘုတ်များ စိုက်ထူ

■သာကေတမြို့နယ်တွင် ​ ပြည်သူ့ပါတီ လွှတ်​တော်ကိုယ်စားလှယ်​လောင်းများ၏ ​ဆိုင်းဘုတ်များ စိုက်ထူ
Published 23 November 2025

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ပြည်သူ့ပါတီ လွှတ်​တော်ကိုယ်စားလှယ်​လောင်းများ၏ဆိုင်းဘုတ်စတင်စိုက်ထူခြင်းကို နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ပြည်သူ့ပါတီဆိုင်းဘုတ်များကို သာကေတမြို့နယ်ရှိ ရပ်ကွက် ၁၆ ခုတွင် စိုက်ထူသွားမည်ဖြစ်ကြောင်း ကြောင်း ပြည်သူ့ပါတီ သာကေတမြို့နယ် ဥက္ကဌဦးနိုင်လင်းထွန်းကပြောကြားသည်။

ပြည်သူ့ပါတီ သာကေတမြို့နယ် ဥက္ကဌဦးနိုင်လင်းထွန်းက" သာကေတမြို့နယ်မှာတော့ ဆိုင်းဘုတ်အရေအတွက်က စုစုပေါင်း ၁၆ ခု ထောင် သွားပါမယ်။ ဒီနေ့ နဲ့ မနက်ဖြန်မှာ အပြီးထောင်သွားမယ်။ မဲဆွယ်စည်းရုံးရေးဆင်းတာနဲ့ ရပ်ကွက်တွေထဲ လက်ကမ်းစာစောင်ဝေတာကတော့ တစ်ရက်သီးသန့်လုပ်သွားပါမယ်။ နောက်ပြီးတော့ အောင်နိုင်ရေးရုံးလည်း သာကေတမှာ ဖွင့်ဖို့ရှိတယ်။ အောင်နိုင်ရေးရုံးရော ဒီဆိုင်းဘုတ်တွေရော အားလုံးဖွင့်ပွဲလုပ်သွားမယ်။ အဲဒီကျမှ ဖွင့်ပွဲမှာရော ရပ်ကွက်ထဲ အင်အားပြည့် စည်းတန်း လှည့်လည်မယ်။ လက်ကမ်းစာစောင်တွေ ဝေမယ်။ မဲဆန္ဒရှင်ပြည်သူတွေနဲ့ တိုက်ရိုက်တွေ့ဆုံမယ်။ အဲဒါ တစ်ရက်သီးသန့်လုပ်မယ်" ဟု ပြောကြားသည်။

ပြည်သူ့ပါတီဆိုင်းဘုတ်စိုက်ထူခြင်းကို ဒေါပုံ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ နှင့် စမ်းချောင်းမြို့နယ်တို့တွင် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

" ဆိုင်းဘုတ် ထောင်တာကဒီနေ့ သာကေတ ၁၀ ဈေးနဲ့ သာကေတအဝိုင်းမှာ ထောင်တယ်။ ဒဂုံအရှေ့ထောင်တယ်။ မြောက်ဒဂုံထောင်တယ်။ ဒေါပုံ နဲ့ သင်္ဃန်းကျွန်းထောင်ပြီးသွားပြီ။ ‌မနေ့က တောင်ဥက္ကလာ နဲ့ စမ်းချောင်းထောင်ပြီးသွားပြီ။ မနက်ဖြန်ဆက်ထောင်သွားဖို့ရှိပါတယ်" ဟု ကြောင်း ပြည်သူ့ပါတီသာကေတမြို့နယ် ဥက္ကဌဦးနိုင်လင်းထွန်းကပြောကြားသည်။

ပြည်သူ့ပါတီအ​နေဖြင့် ၂၀၂၅ ခုနှစ် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲတွင် ပြည်​ထောင်စုတစ်ဝန်းဝင်​ရောက်ယှဥ်ပြိုင်မည်ဖြစ်ပြီး လက်ရှိတွင် တိုင်း​ဒေသကြီးနှင့် ပြည်နယ်အချို့တွင် ​ရွေး​ကောက်ပွဲ​အောင်နိုင်​​ရေးဆိုင်းဘုတ်ဖွင့်ပွဲနှင့် ကိုယ်စားလှယ်​လောင်းများအား ရပ်မိရပ်ဖထံ မိတ်ဆက်အပ်နှံခြင်းကို ပါတီဗဟိုဥက္ကဌ ဦးကိုကိုကြီး ကိုယ်တိုင်ဦး​ဆောင်၍ လိုက်လံ​ဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent