တူရကီကြယ်ပွင့် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ အာဆင်နယ်အသင်း ဆွေးနွေးနေ

တူရကီကြယ်ပွင့် ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ အာဆင်နယ်အသင်း ဆွေးနွေးနေ
Photo: X
Photo: X
Published 21 November 2025

အာဆင်နယ်အသင်းဟာ ဂျူဗင်တပ်စ်အသင်းက တူရကီကြယ်ပွင့်ကစားသမား ကီနန်ယီလ်ဒစ်ဇ်ကို ခေါ်ယူဖို့ အေးဂျင့် ဂျော့ချ်မန်ဒက်စ်နဲ့ စတင်ဆွေးနွေးနေပြီဖြစ်ကြောင်း ဥရောပမီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။

တိုက်စစ်ကစားသမား ယီလ်ဒစ်ဇ်(၂၀ နှစ်)ဟာ ဂျူဗင်တပ်စ်အသင်းမှာ ခြေစွမ်းပြနေတာကြောင့် ခေါ်ယူလိုတဲ့ ထိပ်သီးအသင်းများစွာရှိနေပြီး ဂျူဗင်တပ်စ်အသင်းကလည်း သက်တမ်းတိုးနိုင်ဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ယီလ်ဒစ်ဇ်ကို ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပေမဲ့ ထိပ်သီးအသင်းတွေရဲ့ ပစ်မှတ်ကစားသမားဖြစ်နေတာကြောင့် သက်တမ်းတိုးဖို့ ကြိုးပမ်းနေခြင်းဖြစ်ပြီး ယီလ်ဒစ်ဇ်ကတော့ ဘောလုံးကိုသာ အာရုံစိုက်လိုတာကြောင့် စာချုပ်သစ်အတွက်  ဆွေးနွေးလိုခြင်းမရှိသေးကြောင်း သိရပါတယ်။

ဒီအခြေအနေမှာ ချယ်လ်ဆီးအသင်းက ယီလ်ဒစ်ဇ်ကို ယူရိုသန်း(၇၀)နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေသလို၊ အာဆင်နယ်အသင်းကလည်း အေးဂျင့်ဖြစ်သူထံ ချဉ်းကပ်လာခြင်းဖြစ်ကြောင်း သိရပါတယ်။

ယီလ်ဒစ်ဇ်ကို လီဗာပူးလ်နဲ့ ရီးယဲလ်မက်ဒရစ်တို့ကလည်း စောင့်ကြည့်နေပြီး ယီလ်ဒစ်ဇ်အနေနဲ့ လာမယ့် ၂၀၂၆ ခုနှစ်မှာ အသင်းသစ်တစ်သင်းကို ရွေးချယ်ဖွယ်ရှိကြောင်း ထင်ကြေးပေးမှုတွေလည်း ထွက်ပေါ်နေပါတယ်။

Most Read

Most Recent