ဂျာမနီ နှင့် ဆလိုဗက်ကီးယား (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
အမှတ်တူနှစ်သင်း အုပ်စုပထမနေရာကို အပြိုင်လုရမယ့်ပွဲဖြစ်တာကြောင့် အကြိတ်အနယ်ရှိမှာ သေချာပါတယ်။ ဂျာမနီအသင်းအနေနဲ့ သရေရရုံနဲ့ ခြေစစ်ပွဲအောင်မှာဖြစ်ပေမဲ့ ပထမအကျော့က ရှုံးကြွေးကို ပြန်ဆပ်နိုင်အောင် ကြိုးစားပါလိမ့်မယ်။ ဆလိုဗက်ကီးယားရဲ့ အဝေးကွင်းရလဒ်ကလည်း ည့ံတာကြောင့် ဂျာမနီအသင်း ဂိုးပြတ်နိုင်ပွဲတောင် ရသွားနိုင်ပါတယ်။
မွန်တီနီဂရိုး နှင့် ခရိုအေးရှား (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
မွန်တီနီဂရိုးက မျှော်လင့်ချက်မဲ့သွားပြီဖြစ်သလို၊ ခရိုအေးရှားကလည်း ခြေစစ်ပွဲအောင်သွားပြီဖြစ်တာကြောင့် ဒီပွဲက နှစ်သင်းစလုံးအတွက် အရေးမကြီးတော့ပါဘူး။ ဒါကြောင့် ဖိအားကင်းကင်းနဲ့ ကစားသွားမယ့်ပွဲဖြစ်ပြီး ခရိုအေးရှားအသင်း ရှုံးပွဲမရှိစံချိန်ကို ဆက်ထိန်းနိုင်မလား ကြည့်ရမှာပါ။ အိမ်ရှင်ကိုပဲ ရွေးချင်ပါတယ်။
နယ်သာလန် နှင့် လစ်သူယေးနီးယား (မြန်မာစံတော်ချိန် အင်္ဂါနံနက် ၂း၁၅ နာရီ)
နယ်သာလန်က ခြေစစ်ပွဲအောင်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ လစ်သူယေးနီးယားကလည်း မျှော်လင့်ချက်မရှိရုံသာမက နိုင်ပွဲတောင် မရသေးတဲ့အသင်းပါ။ အိမ်ကွင်းဆို ဂိုးမြူးတတ်တဲ့ နယ်သာလန်အသင်းရဲ့ ဂိုးပြတ်နိုင်ပွဲကို မြင်တွေ့ရဖို့ အလားအလာများပါတယ်။
အခြားပွဲများ
*ချက် - ဂျီဘရော်လ်တာ
မော်လ်တာ - ပိုလန် *
*မြောက်အိုင်ယာလန် - လူဇင်ဘတ်















