၂၀၂၆ အာဆီယံဖလားပြိုင်ပွဲ ကျင်းပမယ့်နေ့ရက် အတည်ပြုကြေညာ

၂၀၂၆ အာဆီယံဖလားပြိုင်ပွဲ ကျင်းပမယ့်နေ့ရက် အတည်ပြုကြေညာ
Photo: aseanutdfc
Photo: aseanutdfc
Published 14 November 2025

၂၀၂၆ အာဆီယံဖလားပြိုင်ပွဲ(2026 ASEAN Hyundai Cup) ကျင်းပမယ့်နေ့ရက်ကို အာဆီယံဘောလုံးအဖွဲ့ချုပ်က အတည်ပြုကြေညာလိုက်ပါတယ်။

၂၀၂၆ အာဆီယံဖလားပြိုင်ပွဲကို ၂၀၂၆ ဇူလိုင်(၂၄)ကနေ သြဂုတ်(၂၆)အထိ ကျင်းပသွားမှာဖြစ်ပြီး ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် နှစ်လယ်ပိုင်းမှာ ကျင်းပတဲ့ပြိုင်ပွဲ ဖြစ်လာမှာပါ။

အာဆီယံဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်မှာ Tiger Cup အမည်နဲ့ စတင်ကျင်းပခဲ့ခြင်းဖြစ်တာကြောင့် ၂၀၂၆ ခုနှစ်ပြိုင်ပွဲက နှစ်(၃၀)ပြည့်မြောက်မှာဖြစ်ပြီး ပြိုင်ပွဲအရေအတွက်အရဆိုရင်တော့ (၁၆)ကြိမ်မြောက်အဖြစ် မှတ်တမ်းဝင်မှာဖြစ်ပါတယ်။

အာဆီယံဒေသရဲ့ လက်ရွေးစင်အဆင့် အမြင့်ဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့ အာဆီယံဖလားပြိုင်ပွဲက စပွန်ဆာတွေအပေါ် မူတည်ပြီး နာမည်အမျိုးမျိုးပြောင်းလဲခဲ့ရာမှာ လာမယ့်ပြိုင်ပွဲက 2026 ASEAN Hyundai Cup လို့ အမည်တွင်မှာ ဖြစ်ပါတယ်။

၂၀၂၆ အာဆီယံဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်ကို ဇူလိုင်(၂၄)ကနေ သြဂုတ်(၈)ရက်အထိ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်နဲ့ ဗိုလ်လုပွဲကိုတော့ သြဂုတ်(၁၅)ကနေ (၂၆)ရက်အထိ ယှဉ်ပြိုင်သွားရမှာဖြစ်ကြောင်း သိရပါတယ်။ 

Most Read

Most Recent