ကာတာကလပ် အယ်လ်ဆတ်အသင်းကို ကိုင်တွယ်ဖို့ မန်စီနီ သဘောတူညီမှုရရှိ

ကာတာကလပ် အယ်လ်ဆတ်အသင်းကို ကိုင်တွယ်ဖို့ မန်စီနီ သဘောတူညီမှုရရှိ
Photo: X
Photo: X
Published 12 November 2025

အီတလီလက်ရွေးစင်နည်းပြဟောင်း ရောဘတ်တိုမန်စီနီဟာ ကာတာကလပ် အယ်လ်ဆတ်အသင်းကို ကိုင်တွယ်ဖို့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။

မန်စီနီ(၆၀ နှစ်)ဟာ ၂၀၂၄ အောက်တိုဘာလမှာ ဆော်ဒီလက်ရွေးစင်အသင်းနဲ့ လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတာပါ။

မန်စီနီက အီတလီကလပ်အသင်းတစ်သင်းကို ကိုင်တွယ်ဖို့ ပိုမိုဆန္ဒရှိခဲ့ပေမဲ့ အယ်လ်ဆတ်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံခဲ့တာဖြစ်ပြီး အခြေအနေအရ ၂၀၂၆ နွေရာသီမှာ လမ်းခွဲခွင့်ရှိတဲ့ သဘောတူညီမှုပါဝင်ကြောင်း သိရပါတယ်။

မန်စီနီဟာ နည်းပြဘဝမှာ အင်တာမီလန်အသင်းနဲ့ စီးရီးအေချန်ပီယံဆု(၃)ကြိမ်၊ မန်စီးတီးနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆု၊ အီတလီလက်ရွေးစင်အသင်းနဲ့ ယူရို-၂၀၀၀ ချန်ပီယံဆုတွေ ရယူနိုင်ခဲ့သူဖြစ်ပေမဲ့ ဆော်ဒီလက်ရွေးစင်အသင်းကို ကိုင်တွယ်ရာမှာတော့ အောင်မြင်မှုမရခဲ့ပါဘူး။

အယ်လ်ဆတ်အသင်းဟာ ဒီရာသီ ကာတာလိဂ်ပြိုင်ပွဲမှာ အဆင့်(၆)နေရာရောက်ရှိနေပြီး ပြီးခဲ့တဲ့အောက်တိုဘာလက နည်းပြ ဖီးလစ်ဆန်းချက်ဇ်နဲ့ လမ်းခွဲထားတာဖြစ်ကြောင်း သိရပါတယ်။

Most Read

Most Recent