မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ မြစ်လောင်းကျေးရွာတွင် မီးသီးအပူလွန်ကဲရာမှ မီးပွားထွက်ပြီး အောက်ရှိ မွေ့ယာပေါ်သို့ကျကာ မီးလောင်မှု ၂ဝ၂၅ ခုနှစ်၊ နိုဝင်ဘာ ၉ ရက် နံနက် ၃ နာရီ ၄၀ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ သတင်းရရှိပါသည်။
မီးလောင်မှုအကြောင်းအရင်းသည် ၁၈ ပေ x၂၄ ပေ သွပ်မိုး၊ အုတ်ညှပ်၊ နှစ်ထပ် လူနေအိမ်အပေါ်ထပ် အလယ်ခန်းတွင် တပ်ဆင်ထားသော မီးသီးအပူလွန်ကဲရာမှ မီးပွားထွက်ပြီး အောက်ရှိ မွေ့ယာပေါ်သို့ကျကာ မီးစတင်လောင်ကျွမ်းခဲ့ မီးလောင်မှုကြောင့် ၁၈ ပေ x၂၄ ပေ သွပ်မိုး၊ အုတ်ညှပ်၊ နှစ်ထပ်နေအိမ်တစ်လုံး ဆုံးရှုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနမှ ဆက်လက် သိရှိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ အမရပူရမြို့နယ်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊မီးသတ်ရေသယ်ယာဉ် ၁ စီး၊ မြစ်ငယ်နယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ နတ်ရေကန်အရန်မီးသတ်စခန်းမှ မီငြိမ်းသတ်ယာဉ် ၁ စီး၊ ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ထိန်ကုန်းအရန်မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ယာတော်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ လောကပါလ အရန်မီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ် ၁ စီး စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၆ စီး၊ မီးသတ်ရေသယ်ယာဉ် ၃ စီး သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂ဝ ဦး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၃၀ ဦး ထွက်ခွာခဲ့ပြီး ငြိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၉ မိနစ် အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၄ နာရီ ၁၅ မိနစ် အချိန်တွင်မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှုနှင့်ပတ်သက်ပြီး အသက် ၆၂ နှစ်အရွယ် အမျိုးသားအား အမရပူရမြို့နယ် မြစ်ငယ်နယ်မြေရဲစခန်းမှ (ပ-၁၆၄ /၂၀၂၅) ရာဇသတ်ကြီးပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့် အရေးယူထားရှိကြောင်း သိရသည်။
သက်ထွန်းအောင်
ဓာတ်ပုံ-ကိုသန်းဌေး















