တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ နိုဝင်ဘာ ၁၇ ရက်မှ၂၁ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း UEC ကြေညာ

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ နိုဝင်ဘာ ၁၇ ရက်မှ၂၁ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း UEC ကြေညာ
Published 9 November 2025

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် ကျောင်းသား၊ ကျောင်းသူများ နိုဝင်ဘာ ၁၇ ရက်မှမှ၂၁ ရက်အထိ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်​ထောင်စု​ရွေး​​ကောက်ပွဲ​ကော်မရှင်(UEC)က ကြေညာသည်။

သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများက တာဝန်ယူဖွင့်လှစ်သည့် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်များ မကြာမီတွင် ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများသည် ရွေးကောက်ပွဲစတင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များ၌ ကျောင်းတက်ရောက်နေကြရမည်ဖြစ်​ကြောင်း၊ အဆိုပါ ကျောင်းသား၊ ကျောင်းသူများအနက် မိမိတို့မဲစာရင်းပါရှိသည့် မဲဆန္ဒနယ်ပြင်ပတွင်ရှိသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက်ရောက်ကြရမည့် ကျောင်းသား၊ ကျောင်းသူများလည်း ပါဝင်မည်ဖြစ်​ကြောင်း သိရသည်။

မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသား၊ ကျောင်းသူများအနက် ရွေးကောက်ပွဲ စတင်ကျင်းပမည့် ဒီဇင်ဘာ ၂၈ ရက်တွင် အသက် ၁၈ နှစ် ပြည့်ပြီး ဥပဒေအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများဖြစ်ပါက မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် သက်ဆိုင်ရာ ကျောင်းများသို့ မသွားရောက်မီ မိမိတို့၏ မဲစာရင်းပါရှိရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွင် နိုဝင်ဘာ ၁၇ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအတွင်း မိမိတို့ ကိုင်ဆောင်သည့် နိုင်ငံသားစိစစ်ရေးကတ်နှင့် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များမှ ထုတ်ပေးသည့် ကျောင်းသားစိစစ်ရေးကတ် သို့မဟုတ် ကျောင်းဝင်ခွင့်အထောက်အထားတို့ကို ပြသ၍ ကြိုတင်ဆန္ဒမဲပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ​ကြေညာသည်။

Most Read

Most Recent