နိုင်ပွဲမရသေးတဲ့ ဝုလ်ဗ်နည်းပြ ဗစ်တာပါရဲရား ရာထူးက ထုတ်ပယ်ခံရ

နိုင်ပွဲမရသေးတဲ့ ဝုလ်ဗ်နည်းပြ ဗစ်တာပါရဲရား ရာထူးက ထုတ်ပယ်ခံရ
Photo: Getty Images
Photo: Getty Images
Published 3 November 2025

ဝုလ်ဗ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၀) ယှဉ်ပြိုင်ပြီးချိန်အထိ နိုင်ပွဲမရသေးတာကြောင့် ပေါ်တူဂီနည်းပြ ဗစ်တာပါရဲရားကို ရာထူးက ထုတ်ပယ်လိုက်ကြောင်း သိရပါတယ်။

ဗစ်တာပါရဲရားဟာ ပွဲစဉ်(၁၀)ပွဲမှာ (၂)ပွဲသရေ၊ (၈)ပွဲရှုံးပြီး အမှတ်ပေးဇယားအောက်ရောက်နေတာကြောင့် ဖူလ်ဟမ်ကို (၀-၃)ဂိုးနဲ့ ရှုံးနိမ့်အပြီးမှာ ရာထူးက ထုတ်ပယ်ခံခဲ့ရတာပါ။

ဝုလ်ဗ်အသင်းဟာ ဗစ်တာပါရဲရားနဲ့ ၂၀၂၄ ဒီဇင်ဘာမှာ စတင်လက်တွဲခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ စက်တင်ဘာလမှာ (၃)နှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုပြီး ဗစ်တာပါရဲရားကို ယုံကြည်ထောက်ခံကြောင်း ပြသခဲ့ပါတယ်။

ဒါပေမဲ့ ရလဒ်တွေ ဆက်လက်ဆိုးရွားနေခဲ့တာကြောင့် နိုဝင်ဘာ(၂)ရက်မှာ ရာထူးက ထုတ်ပယ်ခဲ့တာပါ။

ဝုလ်ဗ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာနိုင်သူအဖြစ် လက်ရှိအချိန်မှာ နည်းပြဟောင်း ဂယ်ရီအိုနေးလ်က ရေပန်းအစားဆုံးဖြစ်နေပြီး လိဂ်ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့နည်းပြ ရော့ဘ်အက်ဒ်ဝပ်စ်နဲ့ လီဗာပူးလ်နည်းပြဟောင်း ဘရန်ဒန်ရော်ဂျာစ်တို့လည်း ရေပန်းစားနေကြောင်း သိရပါတယ်။

Most Read

Most Recent