မိန့်ဇ် နှင့် စတုဂတ် (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)
ပြီးခဲ့တဲ့ ဘွန်ဒစ်လီဂါပွဲစဉ်မှာ ပူပူနွေးနွေးဆုံတွေ့ထားတဲ့ ပြိုင်ဘက်တွေဖြစ်ပြီး စတုဂတ်က (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။ တန်းဆင်းဇုန်ထဲရောက်နေတဲ့ မိန့်ဇ်အနေနဲ့ အိမ်ကွင်းအားသာချက်နဲ့လည်း စတုဂတ်ကို ကျော်လွှားနိုင်ဖို့ မလွယ်ပါဘူး။ စတုဂတ်ပဲ ထပ်နိုင်ဦးမှာပါ။
ပါဒါဘွန်း နှင့် လေဗာကူဆင် (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးည ၁၁း၃၀ နာရီ)
ပါဒါဘွန်းက ဘွန်ဒစ်လီဂါ(၂)မှာတော့ နိုင်ပွဲတွေ ဆက်နေပါတယ်။ ဒါကြောင့် လေဗာကူဆင်အသင်း သတိထားဖို့ လိုအပ်ပေမဲ့ နိုင်ပွဲနဲ့တော့ လွဲစရာမရှိပါဘူး။
ကိုလုံး နှင့် ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၁၅ နာရီ)
ဒီရာသီမှာ ပွဲတိုင်း ရာနှုန်းပြည့်အနိုင်ရထားတဲ့ ဘိုင်ယန်မြူးနစ်ကို ကိုလုံးအသင်း ဘယ်လောက်အထိ တောင့်ခံကစားနိုင်မလဲဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးပြတ်နိုင်ပွဲကို မြင်တွေ့ရမှာ သေချာပါတယ်။
အခြားပွဲများ
* ဂရေသာဖာ့သ် - ကိုင်ဇာစလော့တန်
အီလာတစ်ဆန် - မက်ဒီဘတ် *
* ဒမ်းစတက် -ရှော်လ်ကေး
ဒက်ဆယ်ဒေါ့ဖ် - ဖရိုင်းဘတ် *
* အူန်ယွန်းဘာလင် - အာမီးနီးယား















