လော်ရီယန့် နှင့် PSG (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးည ၁၂း၃၀ နာရီ)
PSG က ဒီရာသီမှာ အမှားအယွင်းတွေ ရှိနေပေမဲ့ (၃)ပွဲဆက်နိုင်ပွဲပျောက်ပြီး တန်းဆင်းဇုန်ထဲရောက်နေတဲ့ လော်ရီယန့်လိုအသင်းကိုတော့ ဂိုးပြတ်အနိုင်ယူဖို့ အခက်အခဲမရှိနိုင်ပါဘူး။ PSG အသင်း (၃)ဂိုးနဲ့အထက် သွင်းမယ့်ပွဲပါ။
မက်ဇ် နှင့် လန်းစ် (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးည ၁၂း၃၀ နာရီ)
မက်ဇ်က တန်းတက်ကလပ်တွေထဲမှာ အားအနည်းဆုံးဖြစ်ပြီး နိုင်ပွဲသုညနဲ့ ဇယားအောက်ဆုံးရောက်နေပါတယ်။ လန်းစ်က နိုင်ပွဲတွေဆက်ပြီး အမှတ်ပေးဇယားဒုတိယနေရာ ရောက်နေတဲ့အသင်းပါ။ လန်းစ်အသင်း ဂိုးပြတ်နိုင်မှာ သေချာပါတယ်။
နိုက်စ် နှင့် လိုင်လီ (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးည ၁၂း၃၀ နာရီ)
ခြေစွမ်းရော ရလဒ်ပိုင်းပါ ကွာခြားမှုသိပ်မရှိတဲ့ အသင်းနှစ်သင်းရဲ့ ဆုံတွေ့မှုလို့ ဆိုနိုင်ပြီး PSG ကို သရေကစားခဲ့တဲ့ လိုင်လီရဲ့ခြေစွမ်းကတော့ ပိုကြိုက်စရာကောင်းနေပါတယ်။ အဝေးကွင်းဖြစ်ပေမဲ့ လိုင်လီကိုပဲ ရွေးချင်ပါတယ်။
မာဆေးလ် နှင့် အန်ဂါစ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၃၅ နာရီ)
မာဆေးလ်က ပြိုင်ပွဲစုံမှာ နိုင်ပွဲဆက်ခဲ့ရာက နောက်ဆုံးနှစ်ပွဲဆက် ရှုံးပွဲတွေ့ခဲ့ပါတယ်။ အန်ဂါစ်ကတော့ ရလဒ်တွေ ပြန်တက်လာချိန်ပါ။ ဒါကြောင့် မာဆေးလ်အသင်း ကပ်နိုင်ရုံလောက်ပဲ ဖြစ်သွားနိုင်ပါတယ်။
◘ အခြားပွဲများ
* လီဟာဗေး - ဘရက်စ်
နန့်စ် - မိုနာကို *
ပါရီ - လိုင်ယွန် *
* စထရာဘိုး - အော်ဇေး
* တူးလူး - ရန်းစ်















