အဆိုတော် Adino (ခ) မင်းသစ်လွှမ်း၏ စျာပနဝတ်ပြုခြင်းကို ဟေဗြုန်ညီအစ်ကိုများ အသင်းတော်ခန်းမတွင်ပြုလုပ်ခဲ့ပြီး ရေဝေးသုသာန်တွင် မီးသဂြို င်္လ်ခဲ့ကြောင်း သိရသည်။
အဆိုပါ စျာပနဝတ်ပြုခြင်းကို အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းက အစီအစဉ်များအတိုင်း ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အဆိုတော် Adino(ခ) မင်းသစ်လွှမ်းသည် ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်က ပြုလုပ်သော Idiots Band နှုတ်ဆက်ပွဲတွင် သီဆိုဖျော်ဖြေနေရင်း လဲကျကာ ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
ကွယ်လွန်ချိန်တွင် အသက်(၃၇) နှစ်ရှိပြီဖြစ်သော အဆိုတော် Adino ၏ စျာပနသို့ ဂီတလောကသားများနှင့် မိတ်ဆွေများက လာရောက်ခဲ့ကြသည်။









