ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ အီဗန်တိုနေး ဆန္ဒရှိနေ

ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ အီဗန်တိုနေး ဆန္ဒရှိနေ
Photo: X
Photo: X
Published 22 October 2025

ဆော်ဒီကလပ် အယ်လ်အာလီအသင်းမှာ ကစားနေတဲ့ အင်္ဂလန်တိုက်စစ်မှူး အီဗန်တိုနေးဟာ ကမ္ဘာ့ဖလားအခွင့်အရေးအတွက် ပရီးမီးယားလိဂ်မှာ ပြန်ကစားဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

အီဗန်တိုနေး(၂၉ နှစ်)ဟာ ၂၀၂၄ နွေရာသီမှာ ဘရန့်ဖို့ဒ်ကနေ အယ်လ်အာလီအသင်းကို ပေါင်သန်း(၄၀)နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာပါ။

အီဗန်တိုနေးဟာ အယ်လ်အာလီအသင်းအတွက် ပြိုင်ပွဲစုံ(၅၄)ပွဲမှာ (၃၈)ဂိုးသွင်းပြီး ခြေစွမ်းပြနေပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာ ရွေးချယ်ခံရဖို့အတွက် ပရီးမီးယားလိဂ်မှာ ပြန်ကစားလိုခြင်းဖြစ်ကြောင်း သိရပါတယ်။

အီဗန်တိုနေးက လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာ ပရီးမီးယားလိဂ်ထိပ်သီးအသင်းတစ်သင်းဆီ အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေတာဖြစ်ပြီး ချယ်လ်ဆီး၊ စပါးနဲ့ ဝက်စ်ဟမ်းအသင်းတွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။

အယ်လ်အာလီအသင်းက အသင်းရဲ့ ဂိုးသွင်းအများဆုံးတိုက်စစ်မှူး အီဗန်တိုနေးကို အငှားချလိုခြင်းမရှိပေမဲ့ အီဗန်တိုနေးကတော့ အသင်းတာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတောင်းဆိုသွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

Most Read

Most Recent