NCA ၁၀ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဒုတိယနေ့ အစီအစဉ်များအား ယနေ့(အောက်တိုဘာ ၁၆ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၁ ၌ ဆက်လက်ကျင်းပလျက်ရှိသည်။
ဒုတိယနေ့ အစီအစဉ်၏ နံနက်ပိုင်းတွင် Session 2 ပဋိပက္ခဖျန်ဖြေရေးလုပ်ငန်းများနှင့် ရွေးကောက်ပွဲများ၌ လူထုပါဝင်ရေး စည်းရုံးရာတွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍကို ပြန်လည်သုံးသပ်ခြင်းကို အစီအစဉ်ကို ကျင်းပသည်။
အဆိုပါအစီအစဉ်တွင် ရွေးကောက်ပွဲ၊ ဒေသန္တရအုပ်ချုပ်ရေးနှင့် ရွေးကောက်ပွဲအလွန် ရှေ့လုပ်ငန်းစဉ်များ၊ ငြိမ်းချမ်းရေးဖြစ်စဉ်အတွင်း အရပ်သားများ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးအကျိုးဆောင်များ၏ အခန်းကဏ္ဍ၊ လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များနှင့် ယုံကြည်မှုတည်ဆောက်ခြင်း၊ တတိယအုပ်စုမှ ကြားဝင်စေ့စပ်ပေးခြင်းနှင့် အကျိုးဆောင်ခြင်း စသည်များ ပါဝင်သည်။
ယင်းအစီအစဉ်တွင် Moderator ဦးအောင်နိုင်ဦး အမှာစကားပြောကြားခဲ့ပြီး Speaker များအဖြစ် မလေးရှားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးဟောင်း H.E.Mr. Damrong Kraikruan၊ မလေးရှားနိုင်ငံ Bait Al Amanah သုတေသန အင်စတီကျုမှ အကြီးတန်းသုတေသီ Mr. Karisma Putera Abd Rahman နှင့် အိန္ဒိယနိုင်ငံ Indian Council of World Affairs (ICWA) Dr. Samatha Mallempati တို့ ဆောင်ရွက်ကြသည်။
အစဉ်အစဉ်တွင် တက်ရောက်လာသူများက ဆွေးနွေးမေးမြန်းခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။















