■ တာမွေမြိုနယ် မေတ္တာညွှန့်ရပ်ကွက်တွင် အသက် ၇၄ နှစ်အရွယ်အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ရေချိုးခန်းအတွင်း ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား

■ တာမွေမြိုနယ် မေတ္တာညွှန့်ရပ်ကွက်တွင် အသက် ၇၄ နှစ်အရွယ်အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ရေချိုးခန်းအတွင်း ကြိုးဆွဲချသေဆုံးမှုဖြစ်ပွား
Published 9 October 2025

တာမွေမြိုနယ်၊ မေတ္တာညွှန့်ရပ်ကွက်တွင် အသက် ၇၄ နှစ်အရွယ်အသက်ကြီးပိုင်း အမျိုးသားတစ်ဦး ရေချိုးခန်းအတွင်း ကြိုးဆွဲချသေဆုံးမှု အောက်တိုဘာ ၈ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါသေဆုံးသူမှာ တာမွေမြိုနယ်၊ မေတ္တာညွှန့်ရပ်ကွက်၊ မြလေးရုံလမ်းတွင် မိသားစုနှင့်အတူ နေထိုင်သူတစ်ဦးဖြစ်ပြီး ဦးဇော်ဝင်းဆိုသူဖြစ်ကြောင်း ရပ်ကွက်တွင်နေထိုင်သူများထံမှ သိရသည်။

ယင်းကြိုးဆွဲချသေဆုံးမှုမှ ရုပ်အလောင်းကို မေတ္တာညွှန့်လူမှုကယ်ဆယ်ရေးအဖွဲ့က ကူညီသယ်ဆောင်ပေးခဲ့ပြီး သက်ဆိုင်ရာသို့အကြောင်းကြားကာ မေတ္တာမျှဝေပရဟိတနာရေးယာဉ်ဖြင့် သင်္ဃန်းကျွန်းစံပြဆေးရုံသို ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။

ကြိုးဆွဲချအနေအထားဖြင့် သေဆုံးနေသည့် ဦးဇော်ဝင်း၏ အကျႌအိတ်ကပ်ထဲတွင် စာတစ်စောင်တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent