ရိန်းဂျားစ်အသင်းကို ဂျရတ် ပြန်လည်ကိုင်တွယ်ဖွယ်ရှိ

ရိန်းဂျားစ်အသင်းကို ဂျရတ် ပြန်လည်ကိုင်တွယ်ဖွယ်ရှိ
Photo: X
Photo: X
Published 8 October 2025

လီဗာပူးလ်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း စတီဗင်ဂျရတ်ဟာ ရိန်းဂျားစ်အသင်းကို ပြန်လည်ကိုင်တွယ်ဖွယ်ရှိကြောင်း သိရပါတယ်။

ရိန်းဂျားစ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ နည်းပြ ရပ်ဆဲလ်မာတင်ကို ရာထူးက ထုတ်ပယ်ခဲ့ပြီး အစားထိုးခန့်အပ်ဖို့ နည်းပြသစ် ရှာဖွေနေရာမှာ နည်းပြဟောင်း စတီဗင်ဂျရတ်ကို ဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

ဂျရတ်(၄၅ နှစ်)ဟာ နည်းပြဘဝကို ရိန်းဂျားစ်အသင်းနဲ့ အစပြုခဲ့သူဖြစ်ပြီး ၂၀၁၈ ကနေ ၂၀၂၁ ခုနှစ်ကိုင်တွယ်ခဲ့စဉ်အတွင်း စကော့တလန်အမှတ်ပေးချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။

ဂျရတ်ဟာ ရိန်းဂျားစ်နဲ့ လမ်းခွဲပြီးနောက်ပိုင်း အက်စတွန်ဗီလာနဲ့ အယ်လ်အစ်တီဟတ်အသင်းတွေကို ကိုင်တွယ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေပါတယ်။ 

ဂျရတ်ကလည်း ရိန်းဂျားစ်အသင်းကို ပြန်လည်ကိုင်တွယ်ဖို့ ဆန္ဒရှိနေတာကြောင့် ဆွေးနွေးညှိနှိုင်းဖို့ စီစဉ်နေပြီဖြစ်ပြီး ရိန်းဂျားစ်နည်းပြသစ်ဖြစ်လာဖို့ လက်ရှိအချိန်မှာ ဂျရတ်က ရေပန်းအစားဆုံး၊ ရှောင်ဒိုက်က ဒုတိယရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။

Most Read

Most Recent