အမ်းမရိတ်စ်ကွင်းကို ပရိသတ်(၇၀၀၀၀)ကျော်ဆံ့တဲ့ကွင်းအဖြစ် တိုးချဲ့တည်ဆောက်ဖို့ အာဆင်နယ်အသင်း စီစဉ်နေ

အမ်းမရိတ်စ်ကွင်းကို ပရိသတ်(၇၀၀၀၀)ကျော်ဆံ့တဲ့ကွင်းအဖြစ် တိုးချဲ့တည်ဆောက်ဖို့ အာဆင်နယ်အသင်း စီစဉ်နေ
Photo: X
Photo: X
Published 8 October 2025

အာဆင်နယ်အသင်းဟာ အမ်းမရိတ်စ်ကွင်းကို ပရိသတ်(၇၀၀၀၀)ကျော်ဝင်ဆံ့တဲ့ကွင်းအဖြစ် တိုးချဲ့တည်ဆောက်ဖို့ စီစဉ်နေကြောင်း သိရပါတယ်။

အာဆင်နယ်အသင်းဟာ အရင်က ဟိုက်ဘူရီကွင်းကို အိမ်ကွင်းအဖြစ် အသုံးပြုခဲ့ပေမဲ့ ၂၀၀၆ ခုနှစ်ကစပြီး အမ်းမရိတ်စ်ကွင်းကို ပြောင်းလဲအသုံးပြုခဲ့တာပါ။

အမ်းမရိတ်စ်ကွင်းဟာ ဖွင့်လှစ်ခါစတုန်းက မန်ယူအသင်းရဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းပြီးရင် ပရီးမီးယားလိဂ်ရဲ့ အကြီးဆုံးကွင်းအဖြစ် ရပ်တည်နိုင်ခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ စပါး၊ ဝက်စ်ဟမ်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ကွင်းတွေက ပရိသတ်ပိုဝင်ဆံ့တဲ့ကွင်းတွေ ဖြစ်နေပါပြီ။

ဒါ့အပြင် တစ်ရာသီစာလက်မှတ် ဝယ်ယူဖို့ စောင့်ဆိုင်းနေတဲ့ ပရိသတ်တွေကလည်း တစ်သိန်းကျော်ရှိနေတာကြောင့် အာဆင်နယ်အသင်းက ကွင်းတိုးချဲ့ဖို့ စီစဉ်နေတာဖြစ်ပြီး ရီးယဲလ်အသင်း ဘာနေဗျူးကွင်းကို အဆင့်မြှင့်တင်တည်ဆောက်သလိုမျိုး လုပ်ဆောင်သွားဖို့ လေ့လာနေကြောင်းလည်း သိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ကွင်းတိုးချဲ့တည်ဆောက်ဖို့ ခွင့်ပြုချက်ရခဲ့ရင် တည်ဆောက်နေစဉ်ကာလအတွင်း ဝင်ဘလေကွင်းကို အိမ်ကွင်းအဖြစ် ငှားရမ်းအသုံးပြုသွားဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။

Most Read

Most Recent