မန္တလေးတိုင်းဒေသကြီး တံတားဦးမြို့နယ် သစ်တော်ဖျား(တောင်)ကျေးရွာတွင် ရာအိမ်မှူးတစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။
တံတားဦးမြို့နယ်၊ သစ်တော်ဖျား(တောင်)ကျေးရွာနေ ရာအိမ်မှူး ဦးဝင်းနိုင်သည် အောက်တိုဘာ ၃ ရက် ညနေ ၄ နာရီခန့်တွင် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF ကိုးဦးခန့်သည် ဆိုင်ကယ်ငါးစီးဖြင့် ရောက်ရှိလာပြီး ဦးဝင်းနိုင်အား ဖမ်းဆီးခေါ်ဆောင်ကာ နွားထိုးကြီးမြို့နယ်ဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးကို ဖမ်းဆီးသွားသူများကိုဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။















