ကျောက်ပန်းတောင်းမြို့နယ် ကြက်မောင်တောင်ဆည်မြင့်တက်မှုကြောင့် ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းမတွင် ရေကျော်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အောက်တိုဘာ ၂ ရက် နေ့လည် ၃ နာရီခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ကြက်မောက်တောင်ဆည်ရေမြင့်တက်လာမှုကြောင့် ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းမတွင် ရေကျော်နေခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကြောင့် မော်တော်ယာဉ်များ အန္တရယ်ကင်းရှင်းစွာသွားလာနိုင်ရန် ကျောက်ပန်းတောင်းမြို့နယ်မီးသတ် စခန်းမှရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများဖြင့် ပူးပေါင်း၍ ကူညီဆောင်ရွက် လျက်ရှိကြောင်း သိရသည်။















