■ ချောက်မြို့နယ် ချောင်း-ရေနံချောင်းကားလမ်းတွင် လမ်းဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်းနှစ်ဦးနှင့် အရပ်သား အမျိုးသားတစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်

■ ချောက်မြို့နယ် ချောင်း-ရေနံချောင်းကားလမ်းတွင် လမ်းဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်းနှစ်ဦးနှင့် အရပ်သား အမျိုးသားတစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်
Published 3 October 2025

မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် ချောင်း-ရေနံချောင်းကားလမ်းတွင် လမ်းဦးစီးဌာနမှ အမျိုးသမီးဝန်ထမ်းနှစ်ဦးနှင့် အရပ်သားအမျိုးသားတစ်ဦးကို PDF များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ချောက်မြို့နယ်၊ အမှတ်(၈)ရပ်ကွက်နေထိုင်သူများဖြစ်သည့် ချောက်မြို့နယ်လမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဖြစ်သူ ဒေါ်နီလာဌေး၊ အငယ်တန်းအင်ဂျင်နီယာ-၂(မြို့ပြ)ဖြစ်သူ ဒေါ်ဆုနှင်းဖွေးနှင့် စက်မှုအငယ်တန်းအင်ဂျင်နီယာ-၂ ဖြစ်သူ ဦးမျိုးသူစိုးတို့သည် မကွေးမြို့မှ ချောက်မြို့သို့ ချောက်-ရေနံချောင်းသွားကားလမ်းအတိုင်း မော်တော်ယာဉ်ဖြင့် အောက်တိုဘာ ၁ ရက်က ထွက်ခွာလာစဉ် မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ဆင်ကကျေးရွာအနီးအရောက်၌ PDF ရှစ်ဦးက မော်တော်ယာဉ်အား တားဆီး၍ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခေါ်ဆောင်စဉ် ဦးမျိုးသူစိုးမှာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ဒေါ်နီလာဌေးနှင့် ဒေါ်ဆုနှင်းဖွေးတို့နှစ်ဦးကို  မော်တော်ယာဉ်နှင့်အတူ ညောင်ဦးမြို့နယ်၊ စန်းကန်ကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

အလာတူ စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းကလည်း ရေနံချောင်းမြို့နယ်၊ သစ်တပွေရပ်ကွက်နေ ဦးဝင်းဗိုလ်နှင့် ဦးခင်မောင်ဇော်တို့သည် ရေနံချောင်းမြို့မှ ချောက်မြို့သို့ ရေနံချောင်း-ချောက်သွားကားလမ်းအတိုင်း မော်တော်ယာဉ်တစ်စီးဖြင့် ထွက်ခွာလာစဉ် ချောက်မြို့နယ်၊ ဆင်ကကျေးရွာနှင့် တောင်နောက်ကျေးရွာကြားအရောက်၌ PDF ငါးဦးက မော်တော်ယာဉ်အား တားဆီးခဲ့ကြောင်း သိရသည်။

ထိုသို့ မော်တော်ယာဉ်အား တားဆီးပြီးနောက် PDF များက ဦးဝင်းဗိုလ်အား ချောက်မြို့ရှိ ဧရာဝတီဘဏ်သို့ပေးသွင်းရန် ယူဆောင်လာသည့် ငွေကျပ် သိန်း ၃၀၊ မော်တော်ယာဉ်တစ်စီးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပျြီး ဦးခင်မောင်ဇော်အား ချောက်မြို့နယ်၊ ကဖြူကျေးရွာအနီးအရောက်၌ မျက်လုံးအဝတ်စည်းလျက်ဖြင့် ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ နိုင်ငံ့ဝန်ထမ်းများနှင့် အရပ်သားများကို ဖမ်းဆီး၍ ငွေတောင်းခံသူများကို ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခံထားရသူကို ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent