■ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ဆေးရုံတစ်ရုံရှေ့တွင် ကြီးမားသည့် မြေကျွံမှုဖြစ်ပွား

■ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ဆေးရုံတစ်ရုံရှေ့တွင် ကြီးမားသည့် မြေကျွံမှုဖြစ်ပွား
Published 24 September 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ဆေးရုံတစ်ရုံရှေ့တွင် စက်တင်ဘာ ၂၄ ရက်က ကြီးမားသည့် မြေကျွံမှုဖြစ်ပွားခဲ့ကြောင်း CNA သတင်းတွင် ဖော်ပြခဲ့သည်။

ဒူးဆစ်ရပ်ကွက်ရှိ Vajira ဆေးရုံအပြင်ဘက်တွင် ဒေသစံတော်ချိန် မနက် ၇ နာရီ ၁၅ မိနစ်ခန့်က မြေကျွံမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လူမှုမီဒီယာများတွင် ပျံ့နှံ့လာခဲ့သည့် ဓာတ်ပုံများနှင့် ဗီဒီယိုများတွင် အဆိုပါ မြေကျွံတွင်းပေါက်ကြီးသည် လမ်းတစ်ခုလုံးကို ပြိုကျသွားစေခဲ့ပြီး မြေကျွံမှု၏ အစွန်းတစ်ဖက်တွင် အဖြူရောင်ထရပ်ကားတစ်စီးကို မြင်တွေ့ရသည်။

မြေအောက်မီးရထားဘူတာရုံသစ် ဆောက်လုပ်ရေးရှိ လိုဏ်ခေါင်းတစ်ခုတွင်  မြေများပြိုကျမှုကြောင့် ယခုကဲ့သို့ မြေကျွံမှုဖြစ်ပွားခဲ့ကြောင်း ဘန်ကောက်မြို့တော်ဝန် ချက်ချာ့ စစ်တီပွန့်က ပြောကြားခဲ့သည်။

အဆိုပါ မြေကျွံကျမှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသည့် သတင်းများ ထွက်ပေါ်မလာသေးဘဲ ဆေးရုံရှိ လူနာများနှင့် အနီးနားတွင်နေထိုင်သည့် ဒေသခံများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့သည်။

Ref: CAN

Photos: Facebook

 

Most Read

Most Recent