■ အက်စတိုးနီးယားလေပိုင်နက်ကို ရုရှားတိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်မှုကို နေတိုးမဟာမိတ်နိုင်ငံများက မဆင်မခြင်လုပ်ရပ်ဟု ရှုတ်ချ

■ အက်စတိုးနီးယားလေပိုင်နက်ကို ရုရှားတိုက်လေယာဉ်များ ကျူးကျော်ဝင်ရောက်မှုကို နေတိုးမဟာမိတ်နိုင်ငံများက မဆင်မခြင်လုပ်ရပ်ဟု ရှုတ်ချ
Published 20 September 2025

ရုရှား MiG-31 တိုက်လေယာဉ်သုံးစင်းက စက်တင်ဘာ ၁၉ ရက်တွင် ဖင်လန်ပင်လယ်ကွေ့ပေါ်ရှိ အက်စတိုးနီးယားလေးပိုင်နက်ကို ချိုးဖောက်ခဲ့သည်ဟု အက်စတိုနီးယားက ပြောကြားသည်။

ယင်းသည် အန္တရာယ်များသော ရန်စမှုအသစ်ဖြစ်သည်ဟု အီးယူနှင့် နေတိုးမဟာမိတ်အဖွဲ့တို့က ပြောကြားခဲ့သည်ဆိုသော်လည်း လေပိုက်နက်ချိုးဖောက်သည်ဆိုခြင်းကို ရုရှားက ငြင်းဆန်ထားသည်။

ဘောလ်သစ်နိုင်ငံများ၌ နေတိုး၏ လေကြောင်းကာကွယ်ရေးပံ့ပိုးမှုမစ်ရှင်တွင် ပါဝင်သော အီတလီ F-35 တိုက်လေယာဉ်သုံးစင်းက ရုရှားတိုက်လေယာဉ်များကို ကြားဖြတ်ဟန့်တားရန် အမြန်ပျံတက်ခဲ့ပြီး ရုရှားတိုက်လေယာဉ်များကို  ‌ခြောက်လှန့်ထုတ်ခဲ့ရသည်ဟု အက်စတိုးနီးယားနှင့် အီတလီတာဝန်ရှိသူများက ပြောကြားခဲ့သည်။ နေတိုး အကြီးအကဲ မာ့ရုက လျင်မြန်တိကျပြတ်သားသော တုံ့ပြန်မှုကို ထုတ်ဖော် ချီးကျူးခဲ့သည်။

ဆွီဒင်နှင့် ဖင်လန်တို့ကလည်း rapid reaction aircraft ကို အမြန်ပျံတက်စေခဲ့သည်ဟု Supreme Headquarters Allied Powers Europe (SHAPE) ၏ ပြောရေးဆိုခွင့်ရသူက သတင်းထောက်များကို ပြောကြားခဲ့သည်။

အက်စတိုးနီးယားက နေတိုးမဟာမိတ်များနှင့် အရေးပေါ်ဆွေးနွေးရေးအတွက် ချက်ချင်းတောင်းဆိုခဲ့သည်။ ရုရှားဒရုန်းများ ပိုလန်လေပိုင်နက်ထဲ ကျူးကျော်ဝင်လာခဲ့ပြီးနောက် ပိုလန်က နေတိုးမဟာမိတ်များနှင့် အရေးပေါ်ဆွေးနွေးရန် တောင်းဆိုခဲ့ပြီးနောက် နှစ်ပတ်မပြည့်မီ အက်စတိုးနီးယားက အလားတူ တောင်းဆိုလာခြင်းဖြစ်သည်။

ဆွေးနွေးပွဲကို လာမည့် သီတင်းပတ်အစတွင် ပြုလုပ်မည်ဟု နေတိုးတာဝန်ရှိသူက ဘရပ်ဆဲလ်မြို့တွင် ပြောကြားခဲ့သည်။

"ရုရှားတိုက်လေယာဉ် MiG-31 သုံးစင်းဟာ ခွင့်ပြုချက်မရှိဘဲ Vaindloo ကျွန်းမှာရှိတဲ့ အက်စတိုးနီးယားလေပိုင်နက်ကို ဝင်ရောက်ခဲ့ပါတယ်။ အဲဒီနေရာမှာ ၁၂ မိနစ်နီးပါး ရှိနေခဲ့ပါတယ်" ဟု အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

Ref: AFP

Photos: AFP

 

Most Read

Most Recent