■ ထိုင်းနိုင်ငံတွင် ခွေးတစ်ကောင်က နှစ်လအရွယ် ကလေးငယ်ကို ကိုက်သတ်

■ ထိုင်းနိုင်ငံတွင် ခွေးတစ်ကောင်က နှစ်လအရွယ် ကလေးငယ်ကို ကိုက်သတ်
Published 17 September 2025

ထိုင်းနိုင်ငံတွင် ခွေးတစ်ကောင်က နှစ်လအရွယ် ကလေးငယ်ကို ကိုက်သတ်လိုက်ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။

ဖြစ်စဉ်မှာ ထိုင်းနိုင်ငံ အူထိုင်းထာနီခရိုင် Thung Pho မြို့နယ်ခွဲရှိ နေအိမ်တစ်ခုတွင် စက်တင်ဘာ ၁၆ ရက် မွန်းလွဲ ၃ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုင်းရဲတပ်ဖွဲ့ဝင်များက ဖြစ်စဉ်နှင့် ပတ်သက်ပြီး အိမ်ပိုင်ရှင်ကို စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ အိမ်ပိုင်ရှင်၏ ပြောကြားချက်အရ အမှိုက်ကောက်သူ မိသားစုမှာ အမှိုက်ကောက်ရန် အိမ်သို့လာခဲ့ကြောင်း၊ ၎င်းတို့၏ နှစ်လသား သမီးငယ်ကိုလည်း လက်တွန်းလှည်းဖြင့် ခေါ်လာခဲ့ကြောင်း၊ မိဘများက အလုပ်လုပ်နေစဉ် အိမ်ပိုင်ရှင်၏ PitBull အမျိုးအစား ခွေးတစ်ကောင်က အဆောင်ထဲမှ ထွက်လာကြောင်း၊ ယင်းနောက် တွန်းလှည်းအနီးကို ချဉ်းကပ်လာကြောင်း သတင်းတွင် ဖော်ပြထားသည်။

မကြာမီတွင် အိမ်ရှင်ဖြစ်သူမှာ ကလေးငယ်၏ အော်သံကို ကြားရသဖြင့် အိမ်ပြင်သို့ ပြေးထွက်လာရာ ခွေးမှာ ကလေးငယ်ကို ကိုက်ချီထားကြောင်း၊ ကလေးငယ်ကို လွှတ်ချရန် ခွေးကို အမိန့်ပေးသဖြင့် ခွေးက ကလေးငယ်ကို လွှတ်ချလိုက်ရာ ရေနုတ်မြောင်းထဲသို့ ကျသွားကြောင်း၊ အိမ်ပိုင်ရှင်နှင့် ကလေးငယ်၏ မိဘများက ကလေးငယ်ကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သော်လည်း ကလေးငယ်မှာ ရရှိထားသည့် ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။ 

 

Most Read

Most Recent